" ညီက တစ်ဖက်လူကိုတော့ အတော်နှစ်သိမ့်တတ်သားနော် "
" ဒီလိုပါပဲ ဒါကကျွန်တော့်အကျင့်ပဲလေ "
ချစ်ဖို့ကောင်းလွန်းနေတဲ့ ခရောင်ရဲ့ကော်ဖီရောင်ဆံပင်လေးတွေကို တည်တံ့လက်နဲ့ဖွပလိုက်တယ်
" ကျေးဇူးပါနော် အစ်ကို့ကိုခွန်အားတွေပေးလို့"
" မဟုတ်တာ ရပါတယ်ဆို "
" ဘာစားချင်လဲ "
" ဟင့်အင်း ကျွန်တော်အိမ်ကထမင်းစားလာတယ်"
" ဒါဆိုမုန့်တခုခုလောက် ထွက်စားရအောင်လေ
အစ်ကိုဝယ်ကျွေးမယ် "
" ဒုတ်ထိုးစားရအောင် "
" အင်း လာသွားမယ် "
နှစ်ယောက်သားသဘောတူညီချက်ဖြင့် ကားတစ်စီးနဲ့ထွက်သွားပါသည်။ ဒီအချစ်ခရီးလမ်းတော့ရှုပ်ထွေးတော့မည် ကျော်ဖြတ်ဖို့ခဲယဉ်း၏။
" မမ "
" အင်း မှုံပြော "
" မမအားလား "
" အစ်မဒီနေ့တော့အားတယ်ရယ် မှုံအပြင်သွားချင်လို့လား "
" ဆိုပါတော့ "
" မှုံကဘယ်သွားချင်တာတုန်း "
" မြို့တည်း ပတ်ရအောင်မမ "
" ကောင်းပြီလေ ဒါဆိုအစ်မ ခဏနေရင်ထွက်လာခဲ့လိုက်မယ် မှုံဘယ်မှာစောင့်နေမလဲ "
" ဆူးလေ ဘုရားရှေ့မှာရပ်စောင့်နေမယ် "
" ကောင်းပြီလေ "
" ဟိုတစ်ခေါက်ကလိုတော့ မလုပ်ရဘူးနော် "
" အင်းပါ ဒီနေ့ကအစ်မနားတာ နေလို့ထိုင်လို့
သိပ်မကောင်းလို့ "
" အယ်ဟုတ်သား မှုံမေ့နေတာ ၊ မမ ခြေထောက်ထိခိုက်ထားတယ်နော် ဘယ်လိုလဲသက်သာလားပြန်ကောင်းမှပဲတွေ့ကြရအောင်လေနော် မမတစ်ခုခုထပ်ဖြစ်မှာစိုးလို့ "
စိတ်ပူပြီးဖုန်းထဲကနေ တတွတ်တွတ်ပြောနေတဲ့
အသံကြောင့် ခင့်ရဲ့နှုတ်ခမ်းစွန်းကကွေးကောက်ကုန်ပါတော့သည်။
" အမ် အမ်း ရတယ် အစ်မအဆင်ပြေတယ်လာခဲ့မယ်နော် "
" ရလို့လား "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 8 )
Start from the beginning
