If Possible ( Part - 8 )

Start from the beginning
                                        

" အင်း အင်း ဟုတ်တယ် ဟုတ်တယ် "

" ဘာပြောလိုက်တာလဲ ကိုယ်မကြားလိုက်လို့ "

ခရောင်ရဲ့စိတ်မရှည်ခြင်းက မြင့်တက်၍ တစ်လမ်းလုံးကြားအောင် အော်တုတ်လိုက်ပါသည်

" အေး ဟုတ်တယ်ဟေ့ ဟုတ်တယ် ၊ ချစ်သူတွေချစ်သူတွေဟုတ်ပြီလား "

ပြုံးစိပြုံးစိဖြစ်ကာ အခုမှ ခ ကို အလုပ်ပေးသွားပါသည်

" အင်း အင်း တာ့တာ ကောင်းကောင်းသွား "

" အင်း ဂရုစိုက်မောင်းဦး "

" ကောင်းပါပြီဗျ "

အပြန်အလှန်ပြုံးပျော်၍ တစ်ယောက်လမ်းကို
တစ်ယောက်လျှောက်လှမ်းခဲ့ကြ၏။ ခရောင်ဆိုင်ကိုရောက်တော့ ဆိုင်က "Closed" တဲ့ ၊ ဟင် .....ကိုဉာဏ်ငါ့ကိုဘာမှလည်းမပြောထားပါ့လား ဘာကိုပိတ်တာတုန်း ဆိုင်က "Closed" လို့သာရေးထားတာ သော့တော့မခတ်ထားဘဲ မီးဖွင့်ထားတာကြောင့် ခရောင်ဆိုင်ထဲသို့ဝင်ကြည့်မိပါသည်။

" ကိုဉာဏ် "

" ညီ "

" ဘာလို့ ဆိုင်ပိတ်တာလဲအစ်ကို "

" ဒီတိုင်းပါ ဒီနေ့ဖွင့်ချင်စိတ်မရှိလို့ ၊ ကိုယ်ဖုန်းကြိုမဆက်မိလိုက်တဲ့အတွက်တောင်းပန်ပါတယ်။မင်းလာမှာကိုစောင့်နေတာ စကားတွေပြောချင်လို့

" ဟုတ် ပြောကြမယ်လေ အစ်ကို "

ဆိုင်ရဲ့ရှေ့က ခုံတန်းရှည်လေးကအရိပ်ရတာကြောင့်ထိုင်ဖို့ဆုံးဖြတ်ခဲ့ပြီး နှစ်ယောက်သားအပြင်ထွက်၍ လေကောင်းလေသန့်ရှူကာ စကားစခဲ့ကြသည်။

" အစ်ကိုဆိုင်ဖွင့်ထားတာကို အိမ်ကသိသွားလို့"

" ဟင် ... ဒါဆို အစ်ကိုကအိမ်ကိုမပြောထားဘူးလား "

" ဟင့်အင်း အိမ်မသိအောင်ခိုးဖွင့်ထားတာလေ အဖေက သူ့အလုပ်ပဲကူစေချင်တာ "

" ‌ဪ အဲ့တော့အခုဘယ်လိုလုပ်မယ်ဆုံးဖြတ်
ထားလဲ "

" ရတယ် ဘာမှမဖြစ်ဘူး ဆိုင်ကပိတ်စရာကို
အကြောင်းမရှိတာ အစ်ကို့အလုပ်အစ်ကိုဆက်လုပ်မယ် "

" ကောင်းတယ်ဗျာ အဲ့အကြံ ၊ လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်ဆိုတာ ရှိတာပဲ ကိုယ်ဖြစ်ချင်တဲ့အရာက လမ်းမှားမဟုတ်ရင် ဘာမှပူနေစရာမလိုပါဘူး။ အကောင်းဆုံးသာလုပ်ဆောင်လိုက်ပါ "

If possible ~Where stories live. Discover now