If Possible ( Part - 8 )

Comenzar desde el principio
                                        

" ကျစ်! ဘာကိုအမှတ်တုန်း နမ်းပဲနမ်းခဲ့ကြတာ
လေးကို ဘာကိုအမှတ်ပေးရမှာတုန်း "

" မပေးရင်လည်းထားလိုက်တော့ "

" နေပါဦး အခုကစိတ်ကောက်သွားတာလား "

မျက်နှာချက်ချင်းဆူပုတ်သွားပြီး ခရောင်ကိုတောင်လှည့်မကြည့်တော့ဘဲ မျက်နှာလွှဲထားလျက်

" မကောက်ပါဘူး "

" မကောက်ဘူးဆို ဒီဘက်လှည့် "

" မကောက်ဘူး "

" အာ့ဆိုလှည့်လို့ "

" မလှည့်ဘူးကွာ "

" မလှည့်ဘူးပေါ့  ဒါဆိုရတယ်လေ  ပြန်တော့မယ်"

ထိုင်ရာမှထထွက်တော့ ခရောင်လက်ကိုဖမ်းဆွဲတယ်။ ဒီလူတမင်ကိုကောက်နေတာပါ နေနိုင်တာလည်းမဟုတ်

" အမ်း အမ်း နေ . နေပါဦး ဒါဘယ်သွားမလို့လဲ"

" အလုပ်သွားမလို့လေ "

" လိုက်ပို့မယ် "

" ဟင့်အင်း မလိုဘူး ကိုယ့်ဖာသာကိုသွားမယ် "

" ခ "

" ဘာလဲ "

" လိုက်ပို့မယ်လို့ "

" မပို့နဲ့လို့ အလုပ်အချိန်တော့ လိုက်မပို့ပါနဲ့ တောင်းဆိုတာပါ "

" ပြီးတာပဲ "

" အင်းအင်း ဒါဆိုသွားပြီနော် "

ကျောခိုင်းသွားသည့်သူကို နောက်ကနေလှမ်း
အော်ပါသေးသည်။ ကျစ်... ဘယ်တော့မှသွားရ
တော့မှာလဲကွာ

" ကိုယ်တို့ကချစ်သူတွေမလား "

" ဟင် "

" ကိုယ်တို့ကချစ်သူတွေမလားလို့ "

အော်ပြောနေတာကြီးက အခန့်မသင့်ရင်ဘေးပတ်ဝန်းကျင်တောင်ကြားရလောက်တဲ့အထိ အသံကဟိန်းထွက်နေသည်

" ရှူး တိုးတိုးပြောပါ ဘယ်လိုဖြစ်လို့ "

" ဒါရှက်စရာမှမဟုတ်တာကို "

" သွားရတော့မယ် နောက်ကျလိမ့်မယ်လို့ "

" ကိုယ်မေးတာဖြေဦးလေကွာ "

တအားရစ်တာပဲ။ ဒီလိုရစ်နေပုံမြင်ရတော့လည်းတစ်မျိုးချစ်ရပါသည်။ သို့ပေမယ့်လည်း အမှန်တရားကိုသာ သူတစ်ချိန်သိလာခဲ့ရင် သူကျွန်တော်နှင့်ဝေးရာကိုထွက်သွားမည်ဆိုတာကိုလည်း ကျွန်တော်ယုံကြည်၏။

If possible ~Donde viven las historias. Descúbrelo ahora