If Possible ( Part - 8 )

Start from the beginning
                                        

" မှုံရယ် တစ်ခုခုဆို ကိုကြီးကိုဖုန်းဆက်လေ ဘာလို့ ‌အဲ့လောက်ပေါ့ရတာလဲ "

" ကယ်ပေးတဲ့အစ်မက အရမ်းသဘောကောင်းပါတယ် ကိုကြီးရဲ့  သူကလူလိမ်မဟုတ်ပါဘူးနော် အခုလည်းကိုကြီးရှေ့မှာ မှုံတစ်ယောက်
လုံး ရပ်နေတာကို

" လူကောင်းမို့လို့ပေါ့ လူဆိုးဆိုဘယ်လိုလုပ်
မလဲ "

" တော်စမ်းပါ မင်းအခုမှလာပြီး အသည်းအသန်စိတ်ပူမနေစမ်းပါနဲ့ "

" ကျွန်တော်အဖေနဲ့စကားမပြောချင်ဘူး ကျွန်တော်အပေါ်တက်ပြီ ၊ ကျွန်တော်နားတော့မယ်နော် အမေ "

" အင်း သား "

အပေါ်သို့တက်သွားသည့်သူနဲ့ အောက်ကနေစကားကို ဒလည်ဆက် ဆဲဆိုပြီးကျန်ခဲ့တဲ့သူကတော့အော်ငေါက်လို့ကိုမပြီးခဲ့ဘူး

" မင်းလည်း မင်း သားကို ကျပ်ကျပ်အလိုလိုက်
အာ့ကြောင့် မင်း သား အခုထိမိုက်တုန်း "

မှုံကတော့ သူ့အဖေကိုကြည့်ပြီးတော်တော်လေးကိုစိတ်ပျက်နေသည်ထင်ပါရဲ့။ အဖေကဒေါသဖြစ်စရာပေါ်လာရင် တအားစိတ်ဆတ်တတ်တယ်ဆိုတာ သူမလည်းသိထားပါသည်

" သမီးလည်း နားတော့မယ် "

ဦးဂုဏ်ထက်ဉာဏ် ( တည်တံ့ဉာဏ်နှင့် မှုံသဏ္ဌာန်တို့၏ဖခင် ) ၊ ဦးဂုဏ်ထက်ဉာဏ်က Nyan Group Company ကပိုင်ရှင်တစ်ယောက်ပေါ့ စီးပွားရေးလောကမှာ ဒိတ်ဒိတ်ကြဲဖြစ်ပြီး KN Group ရဲ့ပိုင်ရှင် ဦးခံ့ညားရင်းဆက်တို့နဲ့ လုပ်ငန်းမှာအပြိုင်အဆိုင်တွေလည်းဖြစ်တယ်။ သူပြိုင် ကိုယ်ပြိုင်ဖြစ်နေတာကြောင့် သူတို့နှစ်ယောက်ကိုဘယ် ကုမ္ပဏီကမှ မယှဉ်နိုင်ကြဘူး။ ဦးဂုဏ်ထက်ဟာနာမည်တော့ကျသွားတာမျိုးမရှိဘဲ အလုပ်လုပ်ရင်တော့ တချို့အရာတွေဆို နာမည်နဲ့မလိုက်ဖက်ဘဲ
ဉာဏ်နည်းလွန်းအားကြီးတယ်။ တော်သည်
ဆိုပေမယ့် ဦးခံ့ညားလောက်စေ့စေ့စပ်စပ်မရှိ။
လုပ်ငန်းပိုင်းအကြီးကြီး‌‌တွေနှင့်ပတ်သက်လာသည့်အခါ ဦးဂုဏ်ထက်၏ဖခင်သာ စီမံတယ်။

" ကဲ ဆိုစမ်းပါဦး မနေ့ညကနဲ့ပတ်သက်ပြီး
ဘယ်နှမှတ်ပေးမှာတုန်း "

" ဟင် ဘာကိုလဲ "

" အမှတ်လေ ကိုယ်တို့နှစ်ယောက် "

If possible ~Where stories live. Discover now