If Possible ( Part- 7 )

Start from the beginning
                                        

ကျွန်မ နာရီဝက်အတွင်းရောက်အောင်မောင်းခဲ့ပါသည်။ ရောက်ရောက်ချင်းမှာပင် ၇နာရီခွဲလောက်ရှိနေပြီဖြစ်၏။ Central ရှေ့ကားကိုထိုးရပ်ကာ ကားပေါ်ကနေအလောတကြီးပြေးဆင်း၍ မှုံ့ကိုရှာခဲ့သည်။ ဟင်... မှုံ .

Central ဝင်ပေါက်လှေကားထစ်မှာ ကျုံ့ကျုံ့လေးထိုင်စောင့်နေသူ  ကျွန်မရင်ထဲမကောင်းလိုက်တာ ဒဏ်ရာတွေကလည်ချောင်းထဲစို့နစ်လာတယ် တွေ့တွေ့ချင်းပြေးသွားမိတော့ သူမဟာကျွန်မကိုတွေ့တာနဲ့ ထတောင်မထရက်နိုင်ဘဲ ထိုင်ရာကနေပြုံးပြလျက်

" မှုံ ... အစ်မကိုဘာလို့စောင့်နေသေးတာလဲ အစ်မတောင်းပန်ပါတယ် ဒီနေ့ဆေးရုံမှာလူနာအရမ်းများနေလို့ပါ မှုံ  အိမ်ပြန်ရအောင်လေနော် "

" အစ်မရောက်လာတာပဲ  လာ မှုံတို့လျှောက်လည်ရအောင် "

ကျွန်မလက်ကိုကိုင်၍ ထိုင်ရာမှထလိုက်သည့်သူ့အဖြစ် .. သူမ၏လက်များကပူကျစ်တောက်နေခဲ့သည်

" ငယ် . ငယ် ဖျားနေတာလား "

ထင်၍ နဖူးကို ဖိစမ်းကြည့်မိတော့  ဟုတ်တယ်
ကိုယ်အပူချိန်တွေတက်နေတာပါလားငယ်ရယ်

" လာ အစ်မတို့ဆေးရုံသွားရအောင် "

ပြောနေစဉ်မှာပဲ မှုံလဲကျပြီး ကြမ်းပြင်ပေါ်တွင်သတိလစ်သွားခဲ့၏ သူဘယ်လောက်အကြာတောင်စောင့်နေလိုက်သလဲ ၃ခွဲထဲကစောင့်နေခဲ့တာ အခုပင် ၈နာရီထိုးတော့မည်ဖြစ်သည်
တကိုယ်လုံးလည်း မိုးရေတွေရွှဲလို့ ...

" မှုံ .. မှုံ သတိထားဦးလေ မှုံ "

ဘာရွေးချယ်မှုကိုသုံးရမလဲ မသိတော့သည့်
ဖြစ်ဆုံး ကျွန်မသူ့ကိုပွေ့ချီ၍ သည်းထန်နေသည့် ဒီမိုးရေကြားထဲ ရအောင်ကယ်ဆယ်
ခဲ့သည်။ တစ်ခါမှမိုးရာသီကို မုန်းလေ့မရှိတဲ့
ကျွန်မက အခုတစ်ခေါက်‌ မိုးကိုတော့သိပ်ကို
မုန်းတီးမိပါသည် ‌ဒီ မိုးကကျွန်မအတွက်နာကြဉ်းစရာကောင်းသည့်အနေအထားတစ်ရပ်.

ကားရှေ့ခန်းထဲသို့ ထည့်သွင်းကာ ခါးပတ်လေး
ကိုပါ အလိုအလျောက်တပ်ဆင်ပေး၍ ဆေးရုံ
သို့ချက်ချင်းပင်မောင်းနှင်ခဲ့သည်  လမ်းတစ်
လျှောက်လုံးလည်း ဘာမှမဖြစ်ပါစေနှင့်လို့သာ
အတန်တန်အတည်အတည်ရေရွတ်နေမိပြီး
ဆုတောင်းနေမိတော့သည်   မှုံ ဘာမှမဖြစ်ရ
ဘူးနော်... အစ်မရှိနေတာမို့ အားတင်းထားရမယ်နော်

If possible ~Where stories live. Discover now