" ဟုတ်ကဲ့ပါဗျ ဝင်လိုက်ပါဦးမယ်နော်။ ကျေးဇူးပါဗျာ "
" မဟုတ်တာရှင် ရပါတယ် "
အပြန်အလှန်အပြုံးများဖြင့် နှုတ်ဆက်ခဲ့ရင်း
ခင်ကတော့ သူ့အခန်းထဲက ဆိုဖာပေါ်နောက်ပစ်ထိုင်လိုက်ကာ သက်ပြင်းရှည်ရှည်ချလိုက်မိပါသည်။ နာရီကြည့်တော့ဖြင့် ၅နာရီရှိနေပြီဖြစ်သည် ဒီနေ့အလုပ်စောဆင်းရမည်ဖြစ်ပါသော်လည်း လူနာကြောင့်သူမ စောမပြန်ဖြစ်၍အလုပ်ရှုပ်ရလေသည်။ အခုတော့ ပြီးစီးသွားပြီမို့သူမ မှုံ့ဆီအရောက်သွားတော့မည်ဖြစ်သည်
ဒေါက် ဒေါက် ဒေါက်
ရုတ်တရက်ပေါ်ထွက်လာသည့် တံခါးခေါက်သံ
ကြောင့် ခင် ဝင်လာခိုင်းခဲ့၏။
" မင်္ဂလာပါ Doctor ဆေးရုံအုပ်ကအစည်းအဝေးလေး ခဏလောက်လုပ်ဖို့အားလုံးကို ခေါ်ခိုင်းလိုက်လို့ပါ "
" ဟင် ... အခုလား "
" ဟုတ်ပါတယ်ရှင့် "
ခင် ဗျာများသွားတော့သည်၊ တစ်ဖက်မှာစောင့်
နေသည့် မှုံ့ကိုလည်းသူအားနာလာခဲ့၏။ ဒီကလေး ဘယ်လောက်တောင်စောင့်နေလိုက်မလဲ အစ်မတောင်းပန်ပါတယ် အစ်မကိုခွင့်လွှတ်ပါမှုံ...
" အင်း သွားကြမယ်နော် "
လာခေါ်သည့် Nurse မနှင့်အတူ အစည်းအဝေးခန်းထဲသို့ အလောတကြီးထွက်သွားကြပါသည်
အစည်းအဝေးချိန်တွင် ပြတင်းပေါက်တံခါးကနေစီးကျလာသည့် မိုးနတ်မင်းကြီး၏ မျက်ရည်သွန်းဖြိုးသံကြောင့် ခင့်စိတ်တွင် မလုံမလဲဖြစ်ရသည်။ လက်ကောက်ဝတ်တွင်တပ်ဆင်ထားသည့် နာရီကိုငုံ့ကြည့်မိတော့ ၆နာရီခွဲခါနီးဖြစ်နေပြီဖြစ်သည်
" ဒီနေ့အစည်းအဝေးကဒီလောက်ပါပဲဗျ "
အားလုံးလည်းထိုင်ရာမှထပြန်သွားကြကာ ကျွန်မအိမ်ပြန်လို့ရပြီဖြစ်လို့ မှုံ့ဆီကိုကျွန်မရောက်အောင်သွားမည်. ဒီကနေဆို အတော်အလှမ်းဝေးလို့ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီကလေးမလေးကိုကျွန်မရအောင်ကိုသွားတွေ့မှဖြစ်မည်။ သူကျွန်မကိုဘယ်လောက်တောင်မျှော်နေလိုက်မလဲ မိုးတွေလည်းမရပ်မနားသည်းနေတာ သူအခုထိစောင့်နေတုန်းပဲလား ကျွန်မဖုန်းကိုထုတ်ကြည့်မိတော့ ဖုန်းအားကုန်၍ ဆက်ပိတ်နေလေပြီ။ ငယ် ကျွန်မကိုဖုန်းတွေခေါ်ထားရောပေါ့ သူကျွန်မကိုစိတ်များဆိုးနေပြီလား ကျွန်မ မသိတော့ပါ။ ဘယ်သူ့ကိုမှလည်း နှုတ်ဆက်ဖို့အချိန်မရတော့ ကျွန်မဆေးရုံထဲသို့ ပြေးထွက်မိကာ ကားပါကင်ဆီအရောက်သွားရပါတော့
သည်။ အရှိန်ကိုမြင့်သထက်မြင့်လိုက်၍ သူမ ရှိရာသို့ ကျွန်မအရောက်လှမ်းလာမည်။ မှုံ ... ခဏပဲစောင့်ပါနော် အစ်မလာနေပြီ.
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part- 7 )
Start from the beginning
