If Possible ( Part- 7 )

Start from the beginning
                                        

At 3:30PM

မှုံကတော့ Central ရှေ့ကအမိုးအောက်မှာ ခင့်ကိုရပ်စောင့်နေခဲ့တယ် ဒီနေ့အတွက်တော့သူမဟာ သိပ်ကိုလှပလွန်းနေသူဖြစ်ပြီး ဒူးဖုံးလောက်ရှိတဲ့ပန်းနုရောင်ဂါဝန်အကားလေးကို ဝတ်ဆင်ထားတာကြောင့် အလွန်ပင်ကြည့်ကောင်းနေသည် လေပြေလေညှင်း၏
တိုက်ခတ်မှုကြောင့် လေပေါ်လွင့်မျောနေသည့် မှုံ၏ဆံနွှယ်စအညိုဖျော့ဖျော့လေးတွေဟာလည်း သဘာဝရဲ့အလှကိုအန်တုခဲ့ပြီး သူမဟာအလွန်ပင်ချောမောရက်သူ.

ဘယ်တော့လာမလဲလို့စောင့်နေခဲ့သည့်သူဟာ
ရင်ခုန်လွန်းလို့ ငေးမော့မတတ်လှမ်းမျှော်နေဆဲ... ခင်ကတော့ ဆေးရုံမှာအခုထိအလုပ်တွေရှုပ်နေခဲ့တယ်

" လူနာအခြေအနေဘယ်လိုလဲရှင့် "

"သူ ရုတ်တရက်အမောသန်လာပြီး အသက်ရှု
ကျပ်တယ်ဆိုပြီး ကျွန်တော့်ကိုပြောလို့ပါဗျာ. ဆရာမ ဆရာမတချက်လောက်စစ်ကြည့်ပေးပါ
ဦးဗျာ "

ပူပန်နေသည့် လူနာရှင်၏မောဟိုက်သံနှင့် အက်ကွဲသံတွေကြောင့် ခင့်မှာပိုလို့ပင် ပင်ပန်း
ရပါသေးသည်

" ဟုတ်ကဲ့ စိတ်မပူပါနဲ့ ကျွန်မကြည့်ပေးမှာမို့
ရှင် အပြင်မှာထွက်စောင့်ပေးပါနော် "

" ဟုတ် ... စိတ်ချပါမယ်နော် Doctor "

" ဟုတ်ကဲ့ စိတ်ချပါ "

အပြင်ထွက်သွားသည့် လူနာရှင်၏မျက်နှာပေါ်
မှာတော့ မျက်ရည်တွေက ရေတံခွန်လိုစီးကျလျက်. ခင်လည်းအကောင်းဆုံးကြိုးစားပေးနေ
ပါသည်. နာရီအတန်ကြာမှာ ခင်လည်းအခန်းထဲက ထွက်လာပြီး လူနာရှင်ဖြစ်သူကိုအပြုံးနှင့်
ကြိုဆိုခဲ့သည်

" လူနာရဲ့ နှလုံးခုန်နှုန်းကော အောက်ဆီဂျင်ပါ
ပုံမှန်ပြန်ဖြစ်သွားပါပြီ  လူနာကရုတ်တရက်အမောသန်လာတာကလည်း နှလုံးအားနည်းတာကြောင့်ပါ အခုတော့အဆင်ပြေသွားပြီမို့ စိတ်မပူပါနဲ့တော့ရှင် "

" ဟုတ်ကဲ့ပါဗျာ ကျေးဇူးတင်ရပါတယ် ဆရာမလေးရယ် . ကျွန်တော်ကျေးဇူးကိုမမေ့ပါဘူးဗျာ"

လူနာရှင်မှာ လက်အုပ်လေးချီ၍ ကျေးဇူးတင်ခဲ့
လေသည်

" အချိန်မီရောက်ခဲ့သေးလို့တော်တယ်ပဲပြောရမယ် မဟုတ်ရင် Heart Attack ကြောင့်နဲ့လူနာအသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်  အခုတော့လူနာအခန်းထဲမှာမို့ ဝင်လိုက်ပါဦး "

If possible ~Where stories live. Discover now