If Possible ( Part- 7 )

Start from the beginning
                                        

" အင်း ငယ်လေး တာ့တာ "

" တာ့တာ "

သူ့ဘက်ကအရင်ဖုန်းချလိုက်တာမို့ ကျွန်မက‌
တော့ ပြုံး၍သာဖြစ်၍နေလေ၏။ သူ့ရဲ့အသံ
သေးသေးလေးနှင့် သူ‌၏ပြောပုံဆိုပုံ‌များက
ကျွန်မအတွက်တော့ နေ့တစ်နေ့၏ပျော်ရွှင်ခြင်း
လို့ပဲဆိုရမလား ... သူ့ကြောင့် တစ်နေကုန်ပင်ပန်းထားသမျှအရာအားလုံး လေထဲအလိုပင်လွင့်မျောသွားခဲ့ရ၍ စိတ်သစ်လူသစ်
ဖြစ်သွားရသလိုပင်။

2:22PM ( Wed )

ဒီနေ့အဖို့ဆိုင်မှာအရင်ကလိုမဟုတ်ဘဲ လူရှင်း
နေသည်မို့ သိပ်ကိုထူးဆန်းနေလေရဲ့။ပုံမှန်ဆို
လူတအားများနေတာက ဒီနေ့ကျမှပဲဘယ်လို
တွေဖြစ်နေလဲမသိခဲ့။ လူမလာသေးသည့်အတူတူ ခရောင်ကတော့ လုပ်စရာရှိတာတွေ
သိမ်းကြုံးလုပ်ပြီး လျော့နေတဲ့မုန့်တွေကိုအသစ်ထပ်လုပ်ဖို့စိစစ်နေသည့် ကိုဉာဏ့်အနား
ဆီ တည့်တည့်မတ်မတ်လျှောက်ရှိလာ၏။

" ကိုဉာဏ် အဆင်ပြေလား ကျွန်တော်ဘာကူ
ပေးရမလဲ "

" မလိုဘူး ညီ . ညီ့အလုပ်သာညီလုပ် "

" ကျွန်တော်ကပြီးပြီဗျ "

" အာ့ဆိုအေးဆေးနားနားနေနေသာနေလိုက်
တော့ "

" ဗျာ ဖြစ်ရဲ့လားဗျ "

" ဖြစ်ပါတယ် "

" ဟုတ် "

" အော် ဒါနဲ့ "

" ဟုတ် ပြော ကိုဉာဏ် "

" အခုတလော ခ ကြည့်ရတာ တစ်ယောက်
ယောက်ကိုသဘောကျနေရုံဟန်တွေ အရမ်းကို
ပေါ်လွင်နေတယ် ဘာလဲ သဘောကျရတဲ့သူ
ရှိပြီလား "

" ဗျာ ... အာ ဘယ်လိုပြောရမလဲ "

" ကဲပါ ပုံမှန်ပဲပြောပါညီရယ် "

" အင်း ရှိတယ် "

ခေါင်းလေးတစ်ချက်ညှိမ့်ပြလိုက်ပြီး ရှက်ကိုး
ရှက်ကန်းဖြင့် မျက်နှာမပြဝံ့ရဲတော့ဘဲ အောက်
ကိုသာ မျက်နှာကြီးစိုက်နေမိသည်

" အံမယ် ဟုတ်နေတာ "

" ဟီး ... ကျွန်တော်အလုပ်ဆက်လုပ်လိုက်
ဦးမယ်နော် "

" အင်းအင်းညီ "

ရှက်ကိုးရှက်ကန်းဖြင့် ခြေလှမ်းတွေကိုခပ်သွက်သွက်လျှောက်သွားတဲ့သူကို တည်တံ့
တို့ကြည့်ရင်း နှုတ်ခမ်းစိပြီးပြုံးလိုက်ရပါသေး
သည်။ ဘယ်လိုကောင်လေးမှန်းကိုမသိ ...

If possible ~Where stories live. Discover now