If Possible ( Part- 7 )

Start from the beginning
                                        

" ဟယ်လို "

" ဟုတ် မမ . ညီမပါ "

" ဟင် မှုံလား "

" ဟိဟိ ဟုတ်တယ်ဟုတ်တယ် "

" အခုဘယ်အချိန်ရှိပြီလဲ ငယ်လေးမအိပ်သေးဘူးလား "

‌နာရီကိုမော့ကြည့်မိတော့ဖြင့် 11:25 PM
ဒီကောင်မလေး ညဉ့်နက်နေပြီကို အခုထိမအိပ်သေး

" မှုံ မအိပ်ချင်သေးလို့ပါ မမရဲ့ "

" ကျန်းမာရေး ထိခိုက်မယ်လေ ငယ် . ငယ်
စာကြည့်ရသေးတယ်မလား "

" စာကခုနကမှလုပ်ပြီးလို့ အခုအနားယူတာပါ
မမရဲ့ အခုမှမှုံ့ရဲ့နားချိန်လေ "

" ခဏနေရင်အိပ်တော့နော် ဒါဆို "

" ဟုတ်ပါပြီ မခင်ကကောဘာလို့အခုထိမအိပ်
သေးတာတုန်း ဒါဆို "

" အစ်မကခုနကမှ ပြန်ရောက်တာလေ အဲ့ဒါမို့
အခုတင်ခြေလက်သန့်စင်ပြီးတာ အခုတော့
Skincare မလို့ "

" အယ်ဟုတ်လား ဒါဆိုလုပ်လုပ် ညီမဖုန်းချ
လိုက်မယ် "

" ရပါတယ်ဘာပြောချင်တာလဲပြောပါ အစ်မ
ဖုန်းပြောရင်းနဲ့လုပ်နေမယ် ရတယ် ၊ ဆိုစမ်းပါဦး ဘာပြောချင်လို့လဲငယ် "

" ငယ် မမနဲ့ဒိတ်ချင်လို့ မမဘယ်နေ့အားလဲဟင်"

" အမ် ... နေဦး ငယ် အစ်မနက်ဖြန်အားလောက်
မလားမသိဘူး "

" အယ်ဟုတ်လား "

" အင်း အစ်မနေ့တစ်ပိုင်းလေးပဲသွားရမှာ အပြန်ကျရတယ်တွေ့ဖို့ "

" ဟီးဟီး ပျော်လိုက်တာ "

ဖုန်းထဲကနေတစ်ဖက်လူဆီက ကျေနပ်ပီတိဖြစ်
နေသည့် ရယ်မောသံလေးကိုကြားမိတော့ ကျွန်မတကယ့်ကိုသဘောကျမိပြန်ပါသည်

" ဟုတ်ပါပြီ ငယ်ကဘယ်သွားချင်တာတုန်း "

" Central သွားချင်တယ် မမ ၊ အဲ့မှာစာအုပ်
လေးလည်းလိုချင်လို့ ဒီတိုင်းပါ မရောက်ဖူး
သေးလို့ "

" အင်းပါ ငယ် ဘယ်နာရီသွားချင်တာလဲ "

" ၃ခွဲ ... ၄လောက် "

" ကောင်းပါပြီရှင် အစ်မလာခဲ့မယ်နော် "

" ဟုတ် ညီမစောင့်နေမယ်နော် ဒါဆိုဖုန်းချ
လိုက်ပြီနော် "

If possible ~Where stories live. Discover now