အိမ်သို့ပြန်ရောက်တော့ အမေကဧည့်ခန်းထဲမှာ
အဆင်သင့်ရှိနေခဲ့တယ် အမေ့ကိုတွေ့သည်နှင့်
တစ်နေကုန်ပင်ပန်းထားသမျှအရာအားလုံး
အမေ့ရင်ခွင်ထဲမှာ အမောဖြေလိုက်တော့တယ်
" နောက်ကျလှချည်လား သားရယ် ဒီရက်ပိုင်း"
" အင်း ... ဟုတ်တယ် ကားအဆင်မပြေမှုတွေ
ရှ်ိနေလို့ပါအမေ "
" ကားမရလို့လား သား "
" အခုရက်ပိုင်း ကားအရမ်းပျက်တယ်အမေ
အပြန်အဲ့ဒါတွေကြောင့်ပဲနောက်ကျနေရတာ "
" အင်းအင်း ဘာပဲဖြစ်ဖြစ် အပြန်ကျရင်လည်း
သေချာဂရုစိုက်ပြန်နော် သား ၊ တစ်ခုခုဆိုအမေ့ကိုလှမ်းဖုန်းဆက်ဖို့မမေ့နဲ့နော် "
" စိတ်ချပါအမေရဲ့ သားဖုန်းဆက်ပါ့မယ်
အခုတော့သားပင်ပန်းနေပြီမို့ သွားအိပ်တော့
မယ်နော်အမေ "
" အင်း သားလေး သွားအိပ်ချည် "
" ဟုတ်အမေ ဒါဆိုသားသွားပြီနော် အမေလည်း စောစောအိပ်တော့ "
" အေးပါ သားရဲ့ "
စကားတွေလက်စသတ်ပြီးတာနဲ့ အပေါ်ထပ်သို့
ပြေးတက်သွားကာ သူ့ကိုယ်ပိုင်အခန်းလေးထဲသို့ တည့်တည့်မတ်မတ်ဝင်သွားလေတယ် အခန်းထဲရောက်ရောက်ချင်းမှာပဲ ကုတင်ပေါ်
နောက်ပြန်ပစ်လှဲလိုက်၍ မျက်စိရှေ့တည့်တည့်
တွင်မြင်တွေ့နေရတဲ့မျက်နှာကြက်ကိုသာသေချာစူးစိုက်ကြည့်မိနေရင်း ဟို့လူကြောင်း
တွေးမိပြန်တယ်။
ခံစားချက်တွေ ကျွန်တော့်အတွေးတိုင်းပဲ
ဖြစ်ခဲ့တယ်မဟုတ်လား ၊ ငယ်စဉ်တုန်းကလို
အချိန်တွေဆီပြန်မသွားချင်တော့ဘူး ၊ ကျွန်တော်ဘယ်သူဆိုတာကိုလည်း မသိစေချင်ဘူး ၊ သိလာခဲ့ရင်တောင် ကျွန်တော့်ကိုခွင့်လွှတ်
ပေးဖို့အကြိမ်ကြိမ်တိုင်တည်မိရင်း သစ္စာဆို
နေပါ့မယ်
ညမိုးချုပ်နေပြီဖြစ်ပါသော်လည်း အခုမှသေချာခြေလက်သန့်စင်၍ မျက်နှာအလှကို
ထိန်းသိမ်းဦးမည့်သူက ခင်ရင်းဆက်သည်ပင်။
ဆေးရုံကစောစောလွှတ်လိုက်တာကြောင့်
သူမ နေအိမ်နဲ့ဆေးရုံကအလှမ်းဝေးသ၍ သူမ
အပြန်နောက်ကျလေ့ရှ်ိသည် . pajamas
ဝမ်းဆက်ကိုမှ ဘောင်းဘီကအတိုဖြစ်တာမို့
ဖြူဝင်းပြီး အနာအဆာမရှိတဲ့သူမပေါင်တံ
သွယ်သွယ်လေးက ကြည့်ကောင်းနေလေ၏။
ရေချိုးခန်းထဲကနေ ထွက်ထွက်လာချင်းမှာပဲ
မှန်တင်ခုံပေါ်ကဖုန်းမြည်သံကြောင့် အပြေး
အလွှားကိုင်လိုက်ရသေးသည်
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part- 7 )
Start from the beginning
