"မဟုတ်ပါဘူး လှောင်တာမဟုတ်ပါဘူးကျဲက ဒါနဲ့ခု ရိပေါ်လေးက ဟာသပြောနေတာလား"

"ကျဲ ကျဲကအခုကျွန်တော့ကို‌ မလှောင်ဘူးပြောပြီးထပ်လှောင်နေပြန်တာလား"

ပြိုတော့မဲ့မိုးလိုမှိုင်းညို့လာတဲ့မျက်နှာလေးကြောင့် ချင်အာ ပါစပ်ကိုအမြန်ပိတ်ပြီး ရီသံမထွက်ဖို့ကြိုးစားနေရတယ်။

"မဟုတ်ပါဘူး ပေါ်လေးရယ်။ ကျဲကိုကြည့် ပေါ်လေးကရှောက်ထင်နေတော့တာပဲ အခု ပေါ်လေးထင်နေတာကိုခြံထဲကလူတွေသွားပြောကြည့် ကျဲထက်ကိုပိုစိုးကြမှာ"

ချင်အာသူ့အပြောကြောင့်ပါစပ်ကထုတ်မမေးပေမဲ့မျက်လုံးတွေက ရှုပ်ထွေးသွားဟန်ပြလာတဲ့ပေါ်လေးကြောင့်ပြုံးမိသွားလေသည်။

"ကျဲ ပြောပြမယ် ဘာလို့ဆို သခင်ကြီးမှာ အမွှာညီမလေးရှိခဲ့တယ် သူက အသက်18လောက်မှာ accident ဖြစ်ပြီးဆုံးသွားတာ ကျဲကလည်းသူညီမလေးဆုံးပြီးတစ်နှစ်အကြာမှာဒီကိုရောက်လာခဲ့တယ် ကျဲ19နှစ်နဲ့ပေါ့ အဲ့မှာသခင်ကြီးရဲ့ညီမလေးနဲ့ကျဲကမွေးနေ့သွားတူတယ် အဲ့တော့ရှောင်ကသူ့ရဲ့ညီမအရင်းလိုမွေးစားတာ ဒီတစ်ခြံလုံးသိကြတယ်။ တကယ်လို့ကျဲနဲ့ရှောင်သာချစ်ကြတယ်ဆို ဝမ်ရိပေါ်ဆိုတာဒီမှာတောင်ရှိနေမှာမဟုတ်ဘူးလေ ပေါ်လေးမရှိခင်ကထဲက ရှောင်အနား ကျဲရှိနေတာပဲ အရင်ထဲကချစ်ကြ‌မှာပေါ့။

ချင်အာကျဲပြောတာတွေကလည်း ဖြစ်နိုင်တာမို့ရိပေါ်ပြုံးမိသွားလေသည်။

"ကလေး ကို ကျဲအရှင်းဆုံးပြောမယ်နော် ဘယ်သူ့မှမပြောရဘူး တိုးတိုး လာဒီနားတိုးခဲ့"

ချင်အာကသူ့နှုတ်ခမ်းသူလက်ညိုးဖြင့်ထိပြကာ တိုးတိုးဟုဆိုလာ၍ရိပေါ်လည်းအလိုက်သင့် ခေါင်းလေးညိမ့်ပြပြီးအလိုက်သင့်‌လေးတိုးပေးလိုက်တယ်။

"ကျဲကလေ ယောင်္ကျားလေးရော မိန်းကလေးတွေကိုရောမချစ်တက်ဘူး ကျဲကအမိန့်ပေးတာပဲကြိုက်တာ"

"အော်"

"အော် လုပ်မနေနဲ့လျှောက်လည်ကြရအောင်"

"အယ် ကျဲ ကိုကို ကိုယ်မပြောရ!!"

"ထားလိုက်စမ်းပါ အဲ့အရူးကိုဂရုကိုမစိုက်ဘူး "

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now