Intro

266 7 0
                                    

ကဲ မိတ်ဆက်ရမယ်ဆိုတော့ကာ ကျုပ်နာမည် ဝိုင်းအုံချစ်ပါ မွေးသမိခင်မာမီမားသားက ကျုပ်မွေးတုန်းက တစ်ရွာလုံးက မျက်လုံးဝိုင်းဝိုင်းလေးဆိုပြီး ဝိုင်းအုံပြီးချစ်ကြလို့ ကျုပ်ကိုလည်းဝိုင်းအုံချစ်လို့ဆိုပြီးအဲ့နာမည်ပေးခဲ့တာ တကယ်လည်းကျုပ်ကချစ်စရာကောင်းတာကိုး ထားပါ

အခုကျုပ်အသက်က 23 နှစ် ရွာကလူတွေက ကျုပ်ကို ချစ်တီးလို့လည်းခေါ်ကြတယ် တစ်ရွာလုံးမှာကျုပ်အချမ်းသာဆုံးပဲ ကျုပ်ကရွာမှာငွေတိုးချေးစားတဲ့ကောင်ကိုး ချမ်းသာတာမဆန်းပါဘူး ကျုပ်မိဘတွေက စပါးနဲ့ အာလူးစိုက်တယ် ပေါ်ရင်တခြားရွာတွေနဲ့ မြို့တက်ရောင်းတယ်

ကျုပ်က ကပြားလေ အမေကရှမ်းပြည်က အဖေကအညာသား အမေကပုဂံကိုဘုရားဖူးလာတာ တောင်ပေါ်သူက အညာနေပူပူမှာလျှောက်လည်တော့ မူးလဲရော အဲ့မှာ ပုဂံသားလေးကျုပ်အဖေက ကူညီပေးရင်းချစ်သွားတော့ကျုပ်ထွက်လာတယ်ပေါ့ဗျာ ဖခင်နဲ့မိခင်ကညားပြီးတော့ မန္တလေးကရွာတစ်ခုမှာနေထိုင်ကြတာ ရွာနာမည်ကတော့ "ဗဟို"ရွာတဲ့ ဘာလို့ ဗဟိုတာလည်းဆို တောင်ပေါကကျလာတဲ့ချောင်းရေက ကျုပ်တို့ရွာကနေမှ တစ်ခြားရွာတွေဆီစီးတာမို့ "ဗဟို" ရွာလို့ခေါ်ကြတာ "ခရေ"ရွာလို့လည်းလူသိများကြတယ် ခရေရွာဆိုပြီးလူသိများလို့ ခရေပေးနဲ့ရှင်းတဲ့သူများလို့လားတော့မတွေးပါနဲ့ ရွာအဝင်လမ်းမှာ ခရေပင်တန်းကြီးရှိတာမို့ "ခရေ"ရွာလို့နာမည်ကြီးတာ ပြီးတော့

ကျုပ်မယ် စကွတ်လား စကွက်လား အဲ့တာရှိတယ် အဲ့စကွက်နာမည်က သောက်ချောကြီးများတဲ့ ကျုပ်အပါလူလေးယောက်ရှိတယ် ပထမတစ်ယောက်က ကျုပ်ပဲ ဒုတိယတစ်ယောက်က ရှင်းကြည်သာတဲ့ နာမည်ကသာကြည်တာ လူကတော့အနှောက်ဓါတ် ဘယ်ချိန်ကြည့်ကြည့် မျက်ခွက်ကသူ့လုပ်စာထိုင်စားတဲ့အခွက် ရှင်းရှင်းပြောရင်ဗျာ စီးပွားရေးလုပ်ရင် ဆင်းရဲမယ့်မျက်ခွက်ပေါ့ နာမည်ကတော့အလန်းစားမြို့သူလိုပဲ သူ့ကိုကျုပ်တို့အဖွဲ့ကနာမည်ပေးထားတာ ဖက်ရှင်အိုင်ကွန်ဆိုပြီး ဘာလို့လဲမမေးနဲ့ သူ့ကြည့်လိုက်ရင် အမြဲ ကာတွန်းရုပ်တွေပါတဲ့စပန့်ဝမ်းဆက်နဲ့မို့ ကာတွန်းရုပ်အစုံကို အတိုအရှည်အရောင်စုံဝမ်းစက်သူ့ဆီရှိတယ်

"ဝိုင်းအုံချစ်" [ COMPLETE ]Where stories live. Discover now