အပိုင်း(၂၇၁) သူဌေးက ဂေးဖြစ်သွားတော့မှာလား

Começar do início
                                    

အတွင်းရေးမှူးလျန်သည် တည်ငြိမ်သူတစ်ဦး ဖြစ်သော်လည်း ယခုမူ လွန်စွာထိတ်လန့်သွားရုံမှတပါး မတတ်နိုင်တော့ချေ။ ထိတ်လန့်မှုတို့ကို မျက်နှာပေါ်တွင် မပေါ်အောင် ထိန်းလိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်လေသည်။

“သခင်လေးကျို့ မင်း အတွေးလွန်နေတာပါကွာ”

“ဪ ဒီလိုဆို ငါလေး ဒီည အစ်ကိုမော့နဲ့ တစ်ခန်းထဲ သုံးမယ်နော်”

ဖူကျို့သည် အတွင်းရေးမှူးလျန်လို လူမျိုးကို ပညာပြရသည်ကို အလွန်သဘောကျလေသည်။

“အစ်ကိုမော့က ငါလေးကို အရမ်းအလိုလိုက်ထားတာနော်၊ နင်ရော အဲလိုမထင်ဘူးလား”

အတွင်းရေးမှူးလျန်: ….. နင်လေးက ဘာလို့များ သူဌေးတစ်ယောက်ဆီက အလိုလိုက်ခံထားရတဲ့ အိမ်ရှင်မတစ်ယောက်လို ငါ့ကို လာပြောနေရတာလဲ၊ ငါတို့အချင်းချင်း မိတ်ဆွေတွေလို ပြောဆိုလို့မရဘူးလားဟာ။

သူသည် လေကို တစ်ချက် အဝရှူလိုက်လေသည်။

“ သခင်လေးကျို့ သူဌေးချင်က နင့်ကို သူ့ရဲ့ ညီလေးတစ်ယောက်လို့ ဆက်ဆံတာပါ၊ သူက ချင်မိသားစုရဲ့ တစ်ဦးတည်းသော သားလေ၊ သူက သူ့ဟာသူ တစ်ယောက်ထဲ ဆော့ကစားရင်း ကြီးလာတာ၊ ဒါကြောင့်မလို့လဲ သူက နင်နဲ့ ရင်းနှီးပြီး ခင်ခင်မင်မင် ဖြစ်ချင်နေတာပေါ့”

“ အဲလိုလား”

ဖူကျို့သည် ခေါင်းတညိတ်ညိတ် လုပ်နေလိုက်သည်။

“ အခုနေတော့ ငါလေး နင့်ကို ယုံပေးလိုက်ပါမယ်”

အတွင်းရေးမှူးလျန်: ..... အခုနေတော့ ဆိုပါလား......

“ဒါပေမဲ့ နင် အရမ်းကြီး စိုးရိမ်နေစရာမလိုပါဘူး၊ အစ်ကိုမော့လို လူမျိုးကို ဘယ်လိုလူကမှ ဂေးဖြစ်သွားအောင် မလုပ်နိုင်ပါဘူး”

ဖူကျို့သည် လက်တစ်ဖက်ကို သူ့အိတ်ကပ်ထဲထည့်ထားပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။

“ သူက ထိပ်ဆုံးမှာ သေချာပေါက်ရှိနေရမဲ့သူလေ၊ ငါလေးက ကိုယ့်ဟာကို အဲလိုစွန့်စားရလောက်အောင် မတုံးအ,သေးပါဘူး၊ အစ်ကိုမော့ နင့်ကို ဒေါသထွက်နေတဲ့အချိန်ဆို တခါတလေ လူမရှိတဲ့နေရာမှာ အလုပ်လုပ်ရရင် နင့်ကို သူ့နောက်လိုက်မနေစေတာပါ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Onde histórias criam vida. Descubra agora