"ငါ့မှာချစ်ရမယ့်လူမရှိဘူးလို့ဘယ်သူပြောလဲကွ မင်းတို့ကောင်တွေကိုထုတ်မပြချင်ရုံပဲ "
"တဂယ်လားဗျ "
"မင်းပဲညာနေရအုံးမလား ပြန်ပြီဟေ့ကောင်ရေ ငါဆေးရုံသွားရအုံးမှာကွ"
"ok ပါဗျာ "
ကွန့်မြူးကားတံခါးပေါ်လက်တင်၍ပြောနေရင်းမှ နောက်သို့ဆုတ်ပေးလိုက်တော့ ကိုခေါင်လွင်မိုးက ရယ်ပြ၍ခြံထဲမှထွက်သွားလေတော့သည်။
ကုတင်ထက်လှဲနေသည့်ကောင်မလေးအနားသွားလိုက်ကာ ပူပူနွေးနွေးလက်ခလေးကို ဆုတ်ကိုင်လိုက်တော့သည်။
"ကိုယ့်အချစ်တွေက ကောင်မလေးကိုဖျားစေတဲ့အထိ လွန်ကြူးမိသွာတာတဲ့လားကွာ "
"အကိုလေး .."
"ဟေ.. ကောင်မလေးမအိပ်သေးဘူးလား"
ရွှေကူ့လက်ကိုကိုင်ကာ ဘေးမှလာပြောနေမှတော့ရွှေကူဘယ်လိုလုပ်အိပ်၍ ရပါ့မလဲနော်။
"အကိုလေးကြောင့်မဟုတ်ပါဘူး "
"ဘာကိုလဲကောင်မလေး"
"ရွှေကူဖျားတာအကိုလေးကြောင့်မဟုတ်ပါဘူးဆို "
"အဲ့တာဆိုဘာလို့လဲကောင်မလေး"
"ရွှေကူဟိုမှာအိပ်ရေးပျက်တာများသွားလို့လေ ပြီးတော့အစားလဲပျက်သွားလို့ဖျားသွားတာ အကိုလေးကိုကြောက်လို့မဟုတ်ပါဘူး အဟွတ်.. အဟွတ်.."
"အိပ်လိုက်လေနော် ကောင်မလေးမသက်သာဘူးမလား"
ကွန့်မြူးလက်သေးသေးလေးကိုဖိကိုင်ရင်း သူဖျားတာကွန့်မြူးကြောင့်မဟုတ်ပါဘူးဟုပြောနေသည့်ကောင်မလေးကို အိပ်ခိုင်းလိုက်ပေမယ့် ခေါင်းရမ်းပြလေတော့သည်။
"ရွှေကူကစဉ်းစားရခက်နေလို့ပါ "
"ကိုယ်ကိုပြောကြည့်လေကိုယ်စဉ်းစားကူမှာပေါ့"
"ဟင်.. အဲ့လိုမရဘူးလေ"
ရွှေကူအိပ်ချင်နေပေမယ့်လဲ အကိုလေးကိုစကားတွေဆက်ပြောချင်နေသေးသည်ဖြစ်သည်။
"အကိုလေးကရွှေကူ့ကိုတဂယ်ချစ်တာရောဟုတ်ရဲ့လား"
"ဟား.. တဂယ်ချစ်တာပေါ့ကွ ချစ်တာမှအများကြီးကိုချစ်တာ ပြောပြရင်ကောင်မလေးယုံမှာတောင်မဟုတ်ဘူး"
Part 💭 32 (U&Z)
Start from the beginning