အပိုင်း (၅၀) ရဲတင်းလိုက်တာ

Start from the beginning
                                    

ထိုအချင်းအရာကို စဥ်းစားရင်း ဟန်ရဲ့ ပိုဘဝင်မြင့်လာတော့သည်။

" တုန်းယန်က ပြောတယ် သူ့နောက်တစ်ခါအားရင် ကျွန်တော့်ဆီလာ ဆော့မယ်တဲ့၊ ဒါနဲ့ သူကျွန်တော့်ကို လူတစ်ယောက်ရှာခိုင်းထားသေးတယ်"

ဝတုတ်မလေးဆီသို့ ငွေလွဲမှတ်တမ်းမှတဆင့် ပိုင်ရှင်နာမည်မှာ ရှန်ယွဲ့မှန်း ဟန်ရဲ့အလွယ်တကူ ရှာတွေ့နိုင်လေသည်။ ထိုဝတုတ်မလေးနာမည် ဖြစ်ရမည်။ ထိုအပြင် ရှန်ယွဲ့သည် ထိုနေ့က တုန်းယန်နှင့် ပြိုင်စဥ်က အထက်တန်းကျောင်းယူနီဖောင်းကို ဝတ်ထားလေသည်။ ထို့ကြောင့် သူမ၏သရုပ်မှန်ကို စုံစမ်းရန် အလွန်လွယ်ကူလေသည်။

ရှန်ယွဲ့ရှိသည့် အထက်တန်းကျောင်းသို့ သွားရာလမ်းတစ်လျှောက် ဟန်ရဲ့သည် ရင်းနှီးသည့် ဒုတိယမျိုးဆက်သူဌေးလေးများကို မေးမြန်းလာခဲ့သေးသည်။ သည်ကျောင်းတွင် အမှန်ပင် ရှန်ယွဲ့ဟုခေါ်သည့် မိန်းခလေးတစ်ယောက် ရှိပြီး သူမသည် အလွန်ဝသည်တဲ့။ သူမသည် ကျောင်းတွင် နာမည်ကြီးသူတစ်ယောက်လည်း ဖြစ်လေသည်။

သို့သော် ရှန်ယွဲ့သည် ဟန်ရဲ့မျှော်လင့်ထားသည့်ပုံစံဖြင့် နာမည်ကြီးနေသည်မဟုတ်။ သူမ၏သတ္တိ၊ ကြံရည်ဖန်ရည် နှင့် ကားပြိုင်ပွဲစကေးကြောင့် နာမည်ကြီးနေခြင်းမဟုတ်။ ထို့အစား သူမသည် ဝ,ပြီး တုံးအကာ စာမေးပွဲတွင် ဘိတ်ချေးရပြီး ဝက်မကြီးတစ်ကောင်လို့ မကြာခဏ လှောင်ပြောင်ခြင်းခံရသည်တဲ့။

ထိုအချက်အလက်များသည် သူထိုနေ့က တွေ့ခဲ့သည့် အေးစက်ထက်မြက် တည်ငြိမ်ကာ ဉာဏ်ကောင်းသည့် ရှန်ယွဲ့နှင့် လုံးဝကွာခြားနေတော့သည်။ အမှန်ပင်ထူးဆန်းလေသည်။

ဆိုရိုးစကားရှိသည့်အတိုင်း ကြုံဖူးမှ သိပေတော့မည်။ ဟန်ရဲ့ဆုံးဖြတ်လိုက်၏။ နောက်တစ်ခေါက် သူအားမှ ကျောင်းသို့လာကာ ရှန်ယွဲ့နှင့် ကိုယ်တိုင်တွေ့တော့မည်။ သူမနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ပြီး သူမကို အသုံးချကာ တုန်းယန်ကို ကျေနပ်အောင် လုပ်ပေးရလိမ့်မည်။

သူသာ ချမ်းသာပြီးအာဏာရှိတဲ့ တုန်းယန်နဲ့ ညီအစ်ကိုကောင်းဖြစ်နိုင်လာမယ်ဆိုရင် သူလိုချင်တဲ့ အာဏာနဲ့ အဆင့်အတန်းက အလိုလိုရောက်လာမှာမလား။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now