အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့

Start from the beginning
                                    

ဟန်လင်းသည် ရှန်မိသားစုနေထိုင်သည့် တည်နေရာကို အနီးကပ်ကြည့်လိုက်၏။ ထိုနေရာသည် မြို့စွန်နားတွင်ရှိပြီး ယိုယွင်းနေသည့် လူနေအဆောက်အအုံတစ်ခု အမှန်ပင် ဖြစ်လေသည်။ ချမ်းသာပြီး အင်အားကြီးသည့် မိသားစုတစ်ခုနှင့် မတူလေရာ ဟန်လင်းမှာ ပို၍ စိတ်ရှုပ်သွားတော့သည်။

တစ်ခုခုတော့ မှားနေပါပြီ။ ဟန်လင်း သူ့နဖူးပြောင်ပြောင်ကို ထိလိုက်၏။

ကျိုးရွှမ်း သူ့ကိုဖုန်းခေါ်ပြီး စောင့်ရှောက်ခိုင်းတဲ့ ရှန်မိသားစုက သေချာပေါ့ မရိုးရှင်းဘူး။ သူတို့တွေက လျှို့ဝှက်တဲ့ မိသားစုကြီးတစ်ခု မဟုတ်ရင် ကျိုးရွှမ်းနဲ့ အဆက်အသွယ်မနည်းမနောရှိတာပဲ ဖြစ်ရမယ်။ သူ သတိထားမှပဲ။

" ငါ ဒီရှန်မိသားစုကို အပန်းဖြေအိမ်နဲ့ ဇိမ်ခံကားတစ်စီးလောက် ပေးနိုင်မယ့် အခွင့်အရေးတစ်ခုလောက် ရှာလိုက်ရင်ကောင်းမလား၊ ကျိုးမိသားစုက ဂရုစိုက်တဲ့လူတွေကို ဒီလိုစုတ်ပြတ်နေတဲ့နေရာမှာ နေခွင့်မပြုနိုင်ဘူးလေ"

ဟန်လင်းသည် စီးကရက်ကိုမီးညှိလိုက်ပြီး စိုးရိမ်တကြီး ရေရွတ်နေတော့သည်။

မကြာလိုက်ပေ။ သူ့အတွေးကို လက်လျှော့လိုက်ပြီး မျက်မှောင်ကျုံ့ထားလိုက်လေသည်။

" ကျိုးရွှမ်းရဲ့လက်ထောက်က အရေးမကြီးရင် ရှန်မိသားစုကို သွားမနှောင့်ယှက်နဲ့လို့လဲ အထူးတလည်မှာထားသေးတယ်၊ ရှန်မိသားစု သူတို့ရဲ့စိတ်အခြေအနေကို လေ့ကျင့်ဖို့ ခက်ခဲ့တဲ့ဘဝနဲ့ နေချင်တာဆိုတာရင် ဘယ်လိုလုပ်မလဲ၊ ငါဒီလိုလုပ်လိုက်ရင် သူတို့ကို သွားဆွသလိုဖြစ်ပြီး ဒေါသထွက်အောင်လုပ်လိုက်သလို ဖြစ်သွားမလား"

ဟန်လင်းသည် အုံးနှောက်ခြောက်အောင် စဥ်းစားသော်လည် ရှန်မိသားစုကို စိတ်ကျေနပ်အောင်လုပ်ပေးပြီး ရှန်မိသားစုကို အသုံးချကာ ကျိုးရွှမ်းနှင့်စကားပြောနိုင်မည့် ကျိုးကြောင်းဆီလျော်သည့်နည်းလမ်းကို စဥ်းစားမရချေ။ သူသည် ဘာမှမတတ်နိုင်ဘဲ စီးကရက်တစ်လိပ်ပြီးတစ်လိပ်သောက်ရင်း သက်ပြင်းချမိနေတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now