အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်

Почніть із самого початку
                                    

"ကောင်မလေး မင်းတော်တော်ပါးနပ်တာပဲ"

ကျိုးရွှမ်း တည်တည်ငြိမ်ငြိမ်ပြောလိုက်ပြီးနောက် ရယ်မောလိုက်လေသည်။

" အာ..."

လက်ထောက်မှာ ဆက်မပြောရဲတော့ချေ။ ဘောစ့်ရယ်တာက ဘာအဓိပ္ပါယ်လဲ။

" အစ်မ နင် ဘာကြည့်နေတာလဲ"

ရှန်ချန်သည် ရှန်ယွဲ့ ရုတ်တရက်လှည့်ကြည့်လိုက်သည်ကို သတိထားမိသွားသော်လည်း သူလှည့်ကြည့်လိုက်ချိန်တွင်တော့ ဘာမှမရှိတော့ချေ။

"ဘာမဟုတ်ပါဘူး၊ ငါ အမြင်မှားသွားတာ"

ရှန်ယွဲ့ပြန်လှည့်လာပြီး အသာအယာ ခေါင်းခါပြလိုက်လေသည်။

လုပ်ကြံသူတစ်ယောက်၏ ပါးနပ်သည့်အာရုံတို့ကြောင့် ရှန်ယွဲ့သည် ပူလောင်ကထိုးဆွနေသည့်အကြည့်တစ်ခုက သူမကို စိုက်ကြည့်နေမှန်း ခံစားမိလိုက်သည်။ သူမ လှည့်ကြည့်လိုက်သော်လည်း အဝေးတနေရာ အနက်ရောင်ကားတစ်စီးကိုသာ မြင်ရ၏။ တစ်ဖက်လူသည်ကားပြတင်းပေါက်မှန်ကို အလင်းပိတ်ဖလင်ပြားဖြင့် ဖုံးထားသဖြင့် ကားထဲကလူကို မမြင်ရချေ။

ဒီလူ ငါ့ဆီလာတာ ဖြစ်မယ်။ သူ့မှာ မကောင်းတဲ့အကြံမရှိတာကိုတော့ ခံစားမိလိုက်တယ်။ ဧကန္တ ကျိုးမိသားစုက တစ်ယောက်ယောက်များလား။

ကျိုးမိသားစုက သူမ၏လက်ရှိသရုပ်မှန်နှင့် ပတ်သက်ပြီး ဘာအချက်အလက်မှ ရှာနိုင်မည်မဟုတ်သည်ကို ရှန်ယွဲ့ လုံးဝယုံထားလေသည်။ ခဏလောက်တွေးတောလိုက်ပြီး ထိုကိစ္စရပ်လေးကို မေ့ထားလိုက်ကာ ရှန်ချန်ကို ပရိုဂရမ်ရေးနည်းသင်ပေးဖို့ စဥ်းစားရင်း အိမ်ပြန်လာခဲ့တော့သည်။

ရှန်ယွဲ့ထွက်သွားပြီးနောက် ကျိုးရွှမ်းက ပြန်ဖို့ ရည်ရွယ်ချက်မရှိသည်ကို သိလိုက်ရပြီးနောက် လက်ထောက်မှာ အသက်ပင် ကျယ်ကျယ်မရှူရဲတော့ချေ။ ကားထဲတွင် ကျိုးရွှမ်းကို အဖော်ပြုရင်းသာ တွေးနေလေလိုက်လေသည်။

ရုတ်တရက်ဆိုသလို အသိပေးစာဝင်လာ၏။ လက်ထောက်သည် သူ့ဖုန်းကို ကောက်ကိုင်ကာ ကြည့်လိုက်လေသည်။ သူ့အမူအရာ ချက်ချင်း ပြောင်းသွားသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now