အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း

Start from the beginning
                                    

" ငါ နင့်ရဲ့အမှာစာကို စစ်ဆေးပြီးပြီ၊ အဲပစ္စည်းနှစ်ခု ဒီမနက်ပဲ နယ်စပ်ကို ကျော်လာပြီ၊ နင့်မှာ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး" ရှန်ယွဲ့ ကောဟူကို စိုက်ကြည့်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

ကောဟူ အသက်ရှူကြပ်သွားတော့သည်။ ဒီကောင်မလေး တကယ်ပဲ သူ့အမှာစာကို တွေ့သွားခဲ့တာလား။ ဒီကောင်မလေးရဲ့ ဟက်ကာစကေးက သေချာပေါက် သူ့ထပ်သာပုံရတယ်။ သူ့လုပ်သမျှကို မြင်နေရသကဲ့သို့ ကြောက်စိတ်များ ခံစားလိုက်ရတော့သည်။ သို့သော် သူ့လက်မနွေးခင်မှာပင် သည်chipကို ပေးလိုက်ဖို့ ဆန္ဒမရှိချေ။

" ဒီလောက် အဖိုးတန်ပြီးရှားပါးတဲ့chipကို အတိုင်းဘယ်လိုလုပ် ပေးပစ်နိုင်မှာလဲ၊ နင့်ပစ္စည်းအကြောင်း နင်သိမယ် ထင်တာပဲ အနည်းဆုံး __ ၁၀၀,၀၀၀လောက်ရှိတယ်" ကောဟူ၏အမူအရာသည် အလွန်ပင် ရှုပ်ထွေးသွာတးော့သည်။ နောက်ဆုံး သူ့လက်ဖြင့် ဟန်ရေးပြလိုက်တော့သည်။

" တစ်ခုကို ယွမ်၁၀၀,၀၀၀ လား၊ မင်း တစ်ယောက်ယောက်ဆီကပဲ သွားလုလိုက်ပါတော့လား" ရှန်ချန် မနေနိုင်ဘဲ ပြောလိုက်တော့သည်။ သူ့တွင် ပိုက်ဆံမရှိသော်လည်း ကွန်ပျူတာအစိတ်အပိုင်းများ၏ စျေးနှုန်းကို တော့ သူနားလည်သေးသည်။ ယွမ်၁၀၀,၀၀၀ ဆိုတာ ဖယ်ဒရယ်လိုင်စင်ရ ထိပ်တန်း chip အများကြီးဝယ်လို့ရတယ်လေ.

"ဟမ့် မင်းလိုကောင်စုတ်လေးက ဘာသိမှာလဲ၊ မင်းအမနောက်လိုက်ပြီး ကမ္ဘာကြီးကို ပိုကြည့်သင့်တယ်၊ ဒါက ယွမ် ၁၀၀,၀၀၀ ပဲ၊ ဒီငွေက ငါ့အတွက် ရှာဖို့လွယ်တာမဟုတ်ဘူး"

ကောဟူ ရှန်ချန်ကို မျက်စောင်းဖြင့်ကြည့်လိုက်ပြီး သူ့လေသံထဲတွင် အထင်သေးဟန်များပါနေသည်။ တစ်ချိန်ထဲတွင် အတွေးနစ်နေသည့် ရှန်ယွဲ့ကို တစ်ချက်ခိုးကြည့်လိုက်လေသည်။

သူသည် ယွမ် ၁၀၀,၀၀၀ ကမ်းလှမ်းလိုက်သော်လည်း ယွမ် ၈၀,၀၀၀လောက်ရရန် မျှော်လင့်ထား၏။ အမှန်တွင်လည်း သည်chipပြားက စျေးမကြီးချေ။ စျေးကြီးနေသည်က ချန်နယ်ဝယ်ယူခပင်။ သူသည် ငွေပိုရှာနိုင်သေးပြီး ရှန်ယွဲ့ စျေးဆစ်လာမည်ကို စောင့်နေလိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now