ရွှေကူ့မျက်နှာလေးတည်သွားမိတော့သည်။ ရွှေကူ့ကိုခေါ်တာထမင်းချက်ခိုင်းဖို့ပေါ့လေ။ ရွှေကူနှုတ်ခမ်းလေးဆူနေကာ အကိုလေးကွယ်ရာတွင်စိတ်ဆိုးနေမိတော့သည်။
သူဗိုက်ဆာမှခေါ်တဲ့လူကြီးကို မချစ်ချင်တော့ဘူးဟွန့်..။
"ကိုယ်မာမီ့ကိုဖုန်းဆက်လိုက်မှာနော် ကောင်မလေးကထမင်းချက်မကျွေးပါဘူးလို့လှမ်းတိုင်လိုက်ရမလားပြော"
အကိုလေးကလေအခုတလော အရမ်းကြီးခလေဆန်လာသလားလို့။ ကြည့်အခုလဲလူကို အမျိုးမျိုးပြောပြီးအပြင်ထွက်လာခိုင်းနေတာလေ။
"ဟုတ်ပြီကိုယ်ဖုန်းဆက်ပြီးတစ်ခါထဲပြောပြလိုက်မှာ ကောင်မလေးကိုချစ်ခွင့်လဲပန်ထားတယ် ကောင်မလေးကိုလဲနမ်းပြီးသွားပြီ ကောင်မလေးဆီကအဖြေရတာနဲ့လက်ထက်တော့မှာလို့ "
ရွှေကူ့ကိုနမ်းတာကြီး ထည့်ပြောသောအခါရွှေကူမျက်နှာပူလာရတော့သည်။ အဲ့တုန်းကလဲရင်တွေခုန်နေပြီး လူကအပျော်လွန်နေတာကြောင့်အနမ်းခံလိုက်ရတာကိုတောင် ဘာမှသိပ်ခံစားလိုက်ရတာမဟုတ်။ နောက်မှတအားရှက်ပြီး မျက်နှာလေးဘယ်ဖွက်ထားရမလဲမသိဖြစ်နေရပါတယ်ဆိုမှ လက်ထပ်ဖို့တွေပါပြောပြလာသည့်အကိုလေးကြောင့် ရွှေကူရှက်ပြုံးလေးပြုံးနေမိတော့သည်။
အကိုလေးကဆိုးလိုက်တာနော်။
"Hello မာမီ.."
"အကိုလေး.."
ရွှေကူတံခါးလေးအမြန်ဖွင့်၍ ဖုန်းဆက်နေသည့်အကိုလေးလက်ကိုလှမ်းဆွဲလိုက်ပေမယ့် ဖုန်းနှင့်တူတာတစ်ခုမှရှိမနေပေ။
မျက်လုံးလှလှလေးနှင့် ကွန့်မြူးကိုမလုံမလဲလေးကြည့်လာသည့်ကောင်မလေးက သိပ်ကိုလှလွန်းနေလေသည်။ ဒီကောင်မလေးကိုလေ ကိုယ်သိပ်ချစ်လွန်းလို့ဖက်နမ်းမိတော့မှာပဲကွာ။
"ထွက်လာပြီပေါ့အခုတော့ ကိုယ်တို့လက်ထပ်တာကိုပြောမှာကြောက်လို့ပေါ့လေ.."
"အကိုလေးကိုလက်ထပ်မယ်လို့ဘယ်သူကပြောလို့လဲ"
"ကိုယ်ပြောတာလေ"
ကွန့်မြူးကောင်မလေးရှေ့တိုးလိုက်တော့ နောက်လေးဆုတ်သွားသည့်ကောင်မလေးက တံခါးလေးနှင့်ကပ်သွားလေတော့သည်။ တံခါးကိုလက်နှစ်ဖက်လုံးထောက်ထားကာ ပိတ်ထားလိုက်တော့ ခန္ဓာကိုယ်သေးသေးလေးကပို၍သေးသွားသည့်အလားနှင့် မျက်လုံးလေးပြူးကာ ကွန့်မြူးကိုကြည့်လာလေတော့သည်။
Part 💭 31 (U&Z)
Start from the beginning