" ဟဲ့ . နင့်မှာဒီအမေတစ်ယောက်လုံး ငုတ်တုတ်
ရှိသေးတယ်ဆိုတာနင်မမေ့နဲ့ နင်ကမယားငယ်
မကိုသွားပြီး အမေရင်းလိုတန်ဖိုးထားနိုင်သေးတယ်ပေါ့ "
ခင့်ရဲ့ခေါင်းကို သူ့လက်ညှိုးနဲ့ တရစပ်ထိုးလိုက်
ပြီး တွန်းလိုက်တာကြောင့် ခင့်ရဲ့ခေါင်းလည်ထွက်သွားသလို သရုပ်ပျက်သွားသည်
" နေစမ်းပါဦး. နင်က ဟိုမိန်းမနဲ့တွေ့လာတာလား "
" တွေ့ရုံတင်မကဘူး အိမ်ကိုပါအဝင်အထွက်
လုပ်နေပြီ မင်းညီမက "
" အဓိပ္ပာယ်မရှိလိုက်တာ ခင်ရာ "
" ကဲ .... တော်ကြပါတော့ "
တစ်ခန်းလုံး ကျက်သရေမရှိတဲ့အသံများနှင့်
ဖုံးလွှမ်းနေတာကြောင့် ငုတ်တုတ်ကြီးထိုင်နေတဲ့
ဦးခံ့ညားက အော်ငေါက်ပြီးဝင်ထိန်းရတော့
သည်
" ညရောက်နေပြီဆိုတာ မမေ့နဲ့ . ဘေးပတ်ဝန်း
ကျင်က ကြားရင် ဘယ်လိုမြင်ကြမလဲ. အရှက်နဲ့ သိက္ခာကိုလည်းနည်းနည်းပါးပါးလောက်ထိန်းစမ်းပါဦး အဏ္ဏဝါခင် "
" ရှင်က ရှင့်မယားငယ်မထိတော့နာတာလား "
" မင်းပါးစပ်ကိုပိတ်ထားလိုက်တော့နော် "
" ကျက်သရေတစ်စက်မှကိုမရှိဘူး အပြောအဆိုကတော့ "
ဂျစ်ကန်ကန်ရုပ်နဲ့ ထိုင်ရာမှထကာ အပေါ်ထက်သို့ ဆောင့်ဆောင့်နဲ့တက်သွားတဲ့ ခင့်ကိုကြည့်ပြီး ဒေါ်အဏ္ဏဝါပို၍ဆွဲဆောင့်ချင်မတတ်အသည်းယားမိပြန်ပါသည်
" ခင်ရင်းဆက် နင်ငါနဲ့နောက်မှအေးဆေးတွေ့
မယ်မှတ် "
လှေကားပေါ်ကနေတဆင့် ဘယ်ဘက်လက်ကို
ထောင်ပြီး "O" ပုံစံဖြင့်ပြန်ပြုမူပေးလိုက် သည်. ဆိုလိုချင်တာက "OK" ဆိုတဲ့သဘော .
ဒီမနက်ခင်းရဲ့ တိုက်ခတ်တဲ့လေညှင်းလေးကြောင့် မြေသင်းနံ့လေးလည်းသင်းပျံ့နေသည့်အလား ခရောင်လည်းဆိုင်ထဲတွင် Customer
များကိုအပြုံးချိုချိုလေးနဲ့ကြိုဆိုနေလေသည်
" ဝင်ပါဗျ "
" အဒေါ်ကလေ နက်ဖြန် ဘုန်းကြီးဆွမ်းကပ်ချင်လို့ ကိတ်မုန့်လေးကပ်ချင်တာ သားလေးရာ.
အဲ့ဒါအန်တီ့ကိုဘာယူရမလဲညွှန်းပေးပါဦး "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part-5 )
Start from the beginning
