" အမေ့စကားတွေသိပ်ကိုတရားလွန်နေပြီ
အမေ အမေတော်လိုက်တော့ . သမီးအခု
အမေနဲ့အိမ်ပြန်လိုက်ခဲ့မယ် ဘာအသံမှမထွက်
ကြရအောင် ထပ်ပြီး သမီးဘက်ကတောင်းပန်
ပါတယ် "
" အေး သွားမယ်. ဒါမယ့်နေဦး . နောက်တစ်ခါ
ငါ့သမီးနဲ့ နင်တို့သားအမိနှစ်ယောက်ကိုထပ်မြင်ကြည့်. နင်တို့သားအမိနှစ်ယောက်လုံးဘဝ
တစ်စစီဖြစ်စေရမယ်လို့ ငါအာမခံတယ် "
လက်ညှိုးကိုတရစပ်ထိုးပြီး ခရောင်ကိုပြော
သွားတာများ သိပ်ကိုကြောက်ဖို့ကောင်းလွန်းပါသည်. ဒေါ်အဏ္ဏဝါခင်၏ဒေါသအရှိန်အဟုန်ကြောင့် ခင်လည်းစိတ်ပျက်မိကာ ဒေါ်သွေးကိုတောင် အပြန်မနှုတ်ဆက်ခဲ့တော့ဘဲ သူ့ကားထဲ
စိတ်အလိုမကျသလို ဝင်သွားပြီးတာနဲ့သားအမိတွေနှစ်ယောက်သက်သက်စီလာလမ်းအတိုင်းပဲ ကိုယ့်ကားနဲ့ကိုယ်မောင်းထွက်သွား
လေရဲ့. အိမ်ရောက်ရင်စောက်ပြဿနာကထပ်
ဖြစ်ဦးမယ် တကယ်စိတ်ပျက်စရာကောင်းလွန်းပါတယ်
အိမ်ပြန်ရောက်ပြီး ကားကိုသော့ပိတ်ပြီးသည်နှင့် အိမ်ပေါ်ကိုဆောင့်ဆောင့်နဲ့တက်လာ၍ အပေါ်ထပ်သို့ တက်မည်ဟု ခြေလှမ်းကကြံပါသော်လည်း အနောက်ကလာတဲ့မာမာထန်ထန်
စကားတစ်ခွန်းကြောင့် ခြေထောက်ရပ်မတန့်။
"ခင် ရင်း ဆက် . နင်လာထိုင်ဦး "
ကိုင်လာတဲ့ Dior အိတ်အပြာကို ဆိုဖာပေါ်
ပစ်တင်လိုက်ပြီးမှ ဆိုဖာပေါ်အထက်တန်းကျကျ နောက်မီထိုင်လိုက်သည်. ဧည့်ခန်းမှာလည်း
သားအဖနှစ်ယောက်လုံးက TV ကြည့်နေတာ
ဆိုတော့ ခန့်ရင်းဆက်ကတော့ မျက်မှောင်
ကြုတ်ကာ သူ့အမေကိုတအံ့တဩဖြစ်၍နေ
သည်.မထူးဆန်းပါဘူး ဒါကပထမအကြိမ်မှ
မဟုတ်တာ. တစ်လမှာ ရက် ၃၀ရှိရင် ၂၈ရက်လုံးက ပုပ်သိုးနေတဲ့ရုပ်လေ
" ဘာဖြစ်လာကြတာလဲ "
" မင်းညီမကို မင်းမေးကြည့် ဘယ်သူတွေနဲ့
ရောနေတယ်ဆိုတာ "
" အမေ . သူတို့မှာ ဘာအပြစ်ရှိလို့လဲ ရှင်းရှင်း
လင်းလင်းပြောရရင် ဒီကိစ္စမှာအမေမှားထား
တာတွေမှ တစ်ပုံကြီး. သမီးခရောင်လေးကို
မောင်လေးတစ်ယောက်လိုသိပ်ချစ်လို့ သူ့ဆီ
သွားတယ်. အန်တီသွေးကိုလည်းအမေတစ်ယောက်လိုမျိုးချစ်မိပါတယ်. ဒါကိုဘာတွေများ အဲ့လောက် အပြစ်ရှိတယ်ဆိုရတာလဲ "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part-5 )
Start from the beginning
