If Possible ( Part-5 )

Magsimula sa umpisa
                                        

" ကျေးဇူးတင်ပါတယ် သမီးရယ်. အန်တီတို့
မိသားစုလေးကိုအခုလိုမေတ္တာတွေအများကြီး
ရှိပေးလို့ အန်တီတကယ်ကျေးဇူးတင်ရပါတယ်
သမီးအန်တီတို့အပေါ်မှာကျေးဇူးတွေများနေ
ပါပြီသမီးရယ် "

" မဟုတ်တာအန်တီရယ် . သမီးကိုကအန်တီ
တို့နဲ့ ခ နဲ့ပါ အဆင်ပြေပြီးနွေးနွေးထွေးထွေး
နေချင်တာသမီးရဲ့ဆန္ဒပါ. အစကတည်းကိုကလည်း အန်တီတို့နဲ့ရန်သူတွေဆိုပြီးသမီးစိတ်ထဲ
မသတ်မှတ်ခဲ့ဖူးဘူး မိသားစု ၄ယောက်မှာ
သမီးတစ်ယောက်တည်းကွဲထွက်နေတာ.အဲ့ဒါ
တွေထားပါ. သမီး ခ နဲ့ဟင်းပွဲ‌တွေကူယူပေးလိုက်ဦးမယ်နော်. ဘာမှစိတ်ထဲမထားနဲ့
မေ့လိုက်ပါနော်အန်တီ "

ထိုင်ရာမှ ထထွက်သွား၍ မီးဖိုချောင်ထဲဝင်ပြီး
ခရောင်နဲ့အတူ ဟင်းပွဲတွေသယ်ထုတ်လာပါသည်. ယနေ့မှာကျရောက်သော ဒေါ်သွေးနုရောင်၏ ၄၇နှစ်ပြည့်မွေးနေ့သည် ခံစားချက်
အလှတရားများစွာ စုံလင်နေသည်.သူမမျက်နှာ
ပေါ်က အပြုံးပွင့်များကမျက်နှာတစ်ခွင်တွင်
ထင်ဟပ်၍နေလေသည်.ပျော်ရွှင်ခြင်းများနှင့်
ပြည့်နှက်နေပါသော်လည်း အိမ်ရှေ့တည့်တည့်သို့ ကားတစ်စီးအရှိန်ပြင်းပြင်းနဲ့ထိုးချ၍ရပ်သံ
ကိုကြားလိုက်သော်် ခရောင်တို့ သုံးယောက်
ရှေ့သို့ပြေးထွက်ကြည့်လိုက်မိသည်.ထိုသူမှာ
‌မျက်နှာခက်ထန်နေ၍ ခရောင်တို့သားအမိကို
စူးစိုက်၍ကြည့်နေသည့် ဒေါ်အဏ္ဏဝါခင် ဖြစ်
ပေသည်

" မေမေ "

" ခင်ရင်းဆက် "

ဒေါ်အဏ္ဏဝါခင်၏အသံက ဟိန်းထွက်၍နေ
သည် ဒေါသဘယ်နှဘွနှင့် မီးတောက်နေသည့်
အကြည့်များက အင်မတန်မှကြောက်စရာ‌
ကောင်းလှပါသေးသည်

" နင်ကတော်တော်သတ္တိကောင်းနေတယ်ဟုတ်လား  အခုနောက်ပိုင်း နင်အိမ်ကိုပုံမှန်ပြန်
မလာတာငါသတိထားမိနေလို့ အလုပ်ကိစ္စများ
မှတ်တယ် .  ဘယ့်နှယ့် မယားငယ်မ သားအမိ
ဆီမှာ အဝင်အထွက်လုပ်နေတာကိုး "

" မေမေ "

ခင်လည်း ဒေါသအရှိန်ကြောင့် သူ့အမေကို
ပြန်အော်မိပါသည်. မေမေသိပ်ကိုတရားလွန်လွန်းပါသည်.

If possible ~Tahanan ng mga kuwento. Tumuklas ngayon