ညနေစောင်းလောက် ခရောင်တို့အိမ်ရှေ့တည့်တည့်ကို ကားတစ်စင်းထိုးရပ်လိုက်ပြီး ခင်ကားထဲကနေအထုပ်အပိုးများစွာနှင့်အတူ ထွက်လာ
ခဲ့ပါသည်.
" မောင်လေးရေ အစ်မရောက်ပြီနော် "
ခရောင်လည်းအိမ်ထဲကနေ လှမ်းအော်လိုက်၍ကမူးရူးထိုးနဲ့ထွက်လာပါတော့သည်.
" ပေးပေး ဒီလောက်အများကြီးမလိုပါဘူး
တော်တော်ပဲအစ်မက "
" အော်မဟုတ်တာ အားလုံးပြင်ဆင်ပြီးပြီလား"
" ဟုတ်အစ်မ ပေး ကျွန်တော်ပါကူသယ်ပေးမယ် "
ခင့်ဆီကအထုပ်အပိုးတစ်ဝက်လောက်ကိုကူသယ်ပေးရင်း အိမ်ထဲသို့အတူဝင်ခဲ့ကြသည်.
ဆိုဖာပေါ်မှာထိုင်နေတဲ့အမေဖြစ်သူကတော့
ပီတိတွေဖြာရင်း ခင့်ကိုကြိုဆိုခဲ့သည်
" သမီးရောက်လာတာလား "
" ဒါပေါ့ဗျ ကျွန်တော်ခေါ်လိုက်တာလေ အမေရဲ့ "
" ပျော်တယ်မလား အန်တီ "
" ပျော်ပါ့ရှင် ပျော်ပါ့ "
" အမေဒါဆို ကျွန်တော်နောက်ဖေးမှာ ဟင်းပွဲ
တွေသွားစီလိုက်ဦးမယ် "
" အေးအေး သား "
" ခဏလေးစောင့်နေပါဗျ "
အိမ်နောက်ဖေးသို့ ပြေးဝင်သွားတော့ပါသည်
ဒီကောင်လေးတစ်ယောက်တည်းကိုပျာယာတွေခတ်နေတာ
" သမီးရယ် ဘာတွေတောင်ဝယ်လာတာတုန်း "
" အန်တီ့အတွက်လိုအပ်တာလေးတွေပါ "
" Ensure ကိုတော့တစ်နေ့ပုံမှန်သောက်ပေးနော် အန်တီ. နောက်ပြီးအန်တီ့အတွက် အင်္ကျီ
တွေ ပါတိတ်ထမိန်တွေလည်း ခင်ဝယ်လာသေးတယ်. အန်တီကပဝါကြိုက်တယ်လို့ ခ ကပြောထားလို့ သမီး အန်တီ့အတွက်ပဝါမျိုးစုံ
လည်းဝယ်လာသေးတယ် အစင်လေးတွေက
တအားလှတယ်အန်တီ "
" အော် ခက်တော့တာပဲကွယ် ဒီလောက်အများကြီးမလိုပါဘူးသမီးရယ် "
" မဟုတ်တာ အခုမှပထမဦးဆုံးအကြိမ် ခင်ပါ
ပါဝင်ဆင်နွှဲပေးရတဲ့မွေးနေ့လေးဖြစ်တော့ ခင်က အန်တီ့ကိုပစ္စည်းတွေအများကြီးနဲ့မွေးနေ့
လက်ဆောင်လေးပေးချင်တာကြောင့်ပါ "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part-5 )
Start from the beginning
