ကျွန်မဖုန်းနံပါတ်ကိုတောင်းသည်တဲ့လား.
ကျွန်မအဆင်ပြေပါသည် . မဟုတ်ရင်တောင်
ကျွန်မဘက်ကစပေးတော့မလို့
" အင်း ယူလေ 09********* "
" ဟုတ်ကဲ့ရှင့် မမခင် လို့မှတ်လိုက်ပါပြီရှင် "
အပြုံးတွေပြည့်နှက်နေတဲ့သူ့မျက်နှာလေးကို
ကြည့်မိရင်း ကျွန်မရှက်ရမလိုလို ရယ်ရမလိုလို
ဖြစ်နေပါတော့သည်
" ဒါဆို အစ်မသွားပြီနော် ခင်မင်ခွင့်ရတဲ့အတွက်ကျေးဇူးပါ ငယ်လေး "
" ဟိဟိ ကျေးဇူးပါရှင့် "
ပါးစပ်လေးအုပ်ပြီး ရယ်နေတဲ့သူ့ကိုကြည့်မိရင်း ကျွန်မတစ်ကျော့ပြန်ပြုံးခဲ့ပါသေးသည်
ကျောခိုင်းပြီး လောလောနဲ့ကျွန်မအရင်လှည့်ထွက်သွားခဲ့သော်လည်း
" မမခင် "
ရှေ့သို့ခြေလှမ်းများကသွားနေရင်းမှာပဲ
နောက်ကလာတဲ့ စကားသံတစ်ခွန်းကြောင့်
ကျွန်မ၏ခြေလှမ်းများ ရပ်တန့်သွားခဲ့ရ၍
ကျွန်မနောက်သို့ လှည့်ကြည့်မိပါသည်
" နောက်တစ်ခါပြန်ဆုံမယ်နော် "
ကျွန်မကို မျက်လုံးပေါက်များကျဉ်းသည်အထိ
အားပါပါပြုံးပြ၍ fly kiss ပေးပြလိုက်တဲ့သူ့ကို ကြည့်ရင်း ကျွန်မစိတ်ထဲပြေးဖက်ချင်မိပါသည်. တစ်နေ့ထဲ အချိန်ခဏလေးအတွင်းမှာ
ကျွန်မကို ပြုံးပျော်ရအောင်အများကြီးဖန်တီး
ပေးလိုက်တာပဲ. ကျွန်မအခုလိုမရယ်မော မပြုံး ပျော် ရတာတောင် ကြာခဲ့ပြီ. အလုပ်ကိစ္စများနဲ့လုံးပန်းနေရတဲ့ကျွန်မအတွက်တော့ ဆေးရုံမှာ
နားချိန်လေးခဏမှ Doctor များနဲ့အတူ
စနောက်ဖို့ အချိန်သေးသေးလေးသာရှိပါသည်.
မွေးနေ့တွေရောက်တိုင်းလည်း ပျင်းဖို့ကောင်းပါသည်. မွေးနေ့ကျင်းပဖို့ကျွန်မလည်းမအားသလို ကျွန်မ၏မိဘများလည်းသူ့အလုပ်နဲ့သူမို့မလုပ်ပေးနိုင်ခဲ့ပါ.ဒီနေ့လေးဟာဆိုရင်တော့ ကျွန်မမွေးလာသည်မှစ၍ အခုချိန်ထိ ပထမဦးဆုံးအကြိမ် အများကြီးပြုံးရယ်နေခဲ့မိသည့်
အချိန်ခဏလေးဖြစ်ပါသည်. သူမသည်ဒီနေ့
အဖို့ ကျွန်မအတွက်တော့ သိပ်ကိုအဖိုးတန်လှသည့် မိန်းကလေးတစ်ဦးဖြစ်ခဲ့သည်မှာအမှန်တရားတစ်ရပ်ပင် ။
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part-5 )
Start from the beginning
