If Possible ( Part-5 )

Comenzar desde el principio
                                        

" ကိုကြီးချစ်တဲ့ ညီမငယ်လေးပေါ့ "

" ဟုတ်ပ "

" အစ်မမွေးနေ့က OCT 20 "

" ဟာ တကယ်လား ... ဒါဆို ၁၀ရက်ပဲကွာ
တာပေါ့ "

အံ့ဩသွားတဲ့မျက်နှာနဲ့ ကျွန်မရဲ့ပူးဆုပ်ထားတဲ့ လက်နှစ်ဖက်အပေါ်ကနေ သူ့လက်လေးနှစ်ဖက်နဲ့ အုပ်လိုက်ကာ ဒီကလေးမသိပ်ပျော်နေရှာသည်

" ဒါဆို တစ်လထဲ ပွဲနှစ်ပွဲနဲ့တော့မိုက်ပြီဟေ့ "

ကျွန်မ မရယ်ဘဲမနေနိုင်တော့ ဒီကောင်မလေး
ပြောပုံဆိုပုံ အမူအရာကအစ သာလိကာသဖွယ်
စကားတတ်ပုံက ရွှေတံဆိပ်ဆုပါချချင်တယ်
စကားတွေဖောင်ဖွဲ့ရင်း ခရောင်ဆီမှဖုန်းလာ
တော့ ခင်လည်းကိုင်မိလိုက်ပါသည်. ခင့်ရဲ့
Phone Ringtone က Machine Gun Kelly နဲ့ Camila Cabello တို့ရဲ့ "Bad Things"

" Hello ခ . မောင်လေး ကိစ္စရှိလို့လား "

" ဟုတ်တယ် အစ်မ. ဒီနေ့က အမေ့မွေးနေ့လေ
ဘာရယ်တော့မဟုတ်ပါဘူး နှစ်တိုင်းသားအမိ
နှစ်ယောက်အတူဖြတ်သန်းခဲ့ပေမယ့် အခုတစ်ခေါက်ကိုတော့ အစ်မနဲ့ပါဖြတ်သန်းချင်လို့. အစ်မဒီညအားမယ်ဆိုလာခဲ့ပါနော် "

" အင်း မောင်လေး အစ်မလာခဲ့မယ်နော်.
အန်တီ့အတွက် အခုရောက်တုန်းတစ်ခါတည်း
လက်ဆောင်လေးပါဝယ်ခဲ့လိုက်မယ် "

" လက်ဆောင်တွေဘာတွေကမလိုပါဘူး အစ်မရာ . လူသာလာရင်ပြီးရောပါပဲ "

" ဘယ်ဟုတ်ပါ့မလဲ အန်တီကအစ်မရဲ့ဒုတိယ
အမေဆိုလည်းမမှားဘူး. ကဲ ဒါဆိုအစ်မဖုန်းချ
လိုက်တော့မယ်နော်. ဝယ်စရာရှိတာဝယ်ပြီး
ညကျစောစောလာခဲ့မယ်နော် မောင်လေး "

" ဟုတ်ကဲ့အစ်မ "

ဖုန်းချပြီးတာနဲ့ ဘယ်ဘက်ဘောင်းဘီအိတ်ကပ်ထဲ ဖုန်းကိုထည့်သွင်းလိုက်ပြီး ကျောခိုင်းထားတဲ့သူက မှုံ့ဘက်အသာလေးလှည့်လာလိုက်တယ်

" ဆောရီး ငယ်လေး . မ နည်းနည်းကြာသွားတယ် "

" ရပါတယ် မရဲ့ "

" အစ်မ ပစ္စည်းလေးတွေပတ်ဝယ်စရာရှိသေးလို့လေ ညနေကျအသိအန်တီမွေးနေ့မို့လို့သွား
ရဦးမယ်ဆိုတော့ "

" အော် ရတယ် ရတယ် မဟုတ်ရင်တောင်ညီမက ပြန်တော့မှာ . ဒါနဲ့ ညီမကိုအစ်မဖုန်းနံပါတ်
လေးပေးလို့ရမလား "

If possible ~Donde viven las historias. Descúbrelo ahora