If Possible ( Part-5 )

Start from the beginning
                                        

" ဟား ဟား .. ဟစ် . မဟုတ်ပါဘူး ညီမရယ်
အစ်မက ဆရာဝန်မပါ "

" အယ် ဟုတ်လား "

" အင်း တကယ် "

" အောင်မလေး ဖျားတောင်ဖျားချင်လာပြီ "

" အယ် ဘာလို့ "

" ညီမဖျားရင် အစ်မနဲ့ကုရမှာလေ "

အားရပါးရ ရယ်ချင်ပေမယ့် ကျွန်မဆိုင်ထဲမှာမို့
ပါးစပ်ကိုအုပ်ပြီးသာ ထိန်းပြီးရယ်နေမိပါသည်
ဒီကောင်မလေးစကားပြောတတ်ပုံများ

" တော်တော်ပြောတတ်တယ်နော် "

" မှုံပဲလေ ဒီလောက်တော့ရှိရမှာပေါ့ "

" နာမည်က မှုံတဲ့လား "

" ဟုတ်. နာမည်အရင်းက မှုံသဏ္ဌာန်ပါရှင့် "

" နာမည်လေးကလှလိုက်တာ "

" ဟိဟိ ကျေးဇူးပါ . အစ်မနာမည်ကကော "

" ခင်ရင်းဆက်ပါ "

" အားရီးဂူးးး 너이름이 많이 예뻐요 "
  ( အစ်မရဲ့နာမည်လေးက အများကြီးလှလိုက်
    တာ) တဲ့လေ

" ဟင် ဘာကိုပြောတာလဲ "

" ‌အော် . အစ်မရဲ့နာမည်က အများကြီးလှတယ်လို့ပြောတာပါ "

" အံမယ် ..... ဟုတ်ပါပြီ " 

" ညီမတို့တစ်ယောက်အကြောင်းတစ်ယောက်
သိထားကြရအောင်လေ ညီမ အစ်မနဲ့ခင်တွယ်
ချင်မိတာမို့ပါ "

" ဟုတ်ပါပြီ. အစ်မက အခုမှဆရာဝန်ဖြစ်ခါစ
ပေါက်စလေးပေါ့ အသက်ကတော့ ၂၅နှစ်.
မိသားစုဝင်ထဲမှာ အငယ်ဆုံးပေါ့ အစ်မအထက်မှာ အစ်ကိုတစ်ယောက်ရှိတယ် "

" ဝါးးးးး အစ်မကဒီလောက်ချောမှတော့ အစ်မ
အစ်ကိုဆိုလည်းတော်တော်ချောမှာနော့ "

" ဟုတ်တယ် ကိုကြီးကအစ်မထက်ပိုချောတယ်"

" ကဲကဲ ဟုတ်ပြီ ဒါဆိုညီမမိတ်ဆက်ပေးရမယ့်
အလှည့်ပေါ့ အဟမ်း အဟမ်း "

သူ့အလှည့်ရောက်ပြီဆိုတော့ ချောင်းဟန့်လိုက်ပြီး ပြုံးလိုက်သေးပါသည်

" ညီမက ၁၉နှစ်ပါ . ဒါမယ့် လာမယ့် OCT 10
ရက်နေ့မှာ ၂၀ပြည့်မှာပါ. ညီမမှာလည်းအစ်ကို
တစ်ယောက်ရှိပါတယ်. ကိုကြီးကတော့ ပါးပါးရဲ့ အလုပ်ကိုစိတ်မဝင်စားတာကြောင့် အပြင်မှာ ခိုးပြီး ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ် ဒါကိုလည်းညီမကိုပဲပြောပြထားတာလေ
ညီမတို့နှစ်ယောက်ကြားက လျှို့ဝှက်လေးတစ်ခုပေါ့ ကိုကြီးက ညီမကိုအရမ်းချစ်တာလေ.
ငယ်ငယ်ထဲကမိဘတွေကလည်းအလိုလိုက်
ထားတော့ တစ်ခါခါကျညီမကနည်းနည်းဆိုး
ချင်တယ်. အဲ့ကျရင် ကိုကြီးကသေချာလေး
ဆုံးမပေးတတ်တယ် ညီမဘဝမှာလေတစ်ခါမှ
ကိုကြီးဘက်က အော်ငေါက်တာမျိုးမခံခဲ့ရဖူးဘူး အဲ့ဒါကြောင့်ကိုကြီးကိုအချစ်ဆုံးပဲ.

If possible ~Where stories live. Discover now