If Possible ( Part-5 )

Start from the beginning
                                        

ဒီနေ့တော့ ဆေးရုံမသွားရလို့ ခင်ရင်းဆက်တို့
အလုပ်ပိတ်ရက်ကို ကောင်းကောင်းအသုံးချမည်ကြံပါသည်. Junction City မှာဈေးဝယ်ထွက်ရင်း Cafe' Amazon ထဲသို့ ကော်ဖီဝင်
သောက်မိပါသည်. ခင်ဟာ အဖြူရောင်ကော်လံ
လက်ရှည်အင်္ကျီကို ဂျင်းဘောင်းဘီအကျပ်ထဲ
ထည့်ဝတ်ကာ Baby G နာရီ Brown အရောင်
လေးက ဘယ်ဘက်လက်ပေါ်အတိုင်းသား

အောက် က Ankle Boots အညိုလေးကလည်းအဝတ်အစားပိုင်းနဲ့ကျတော့ ထင်းထွက်နေ၍ Smart ကျတယ်ပဲပြောရမလား

Brand တွေဆင်ထားလိုက်တာများ သူ‌ဌေးကြီး
သမီးပီသပါပေတယ်. i-phone 13 pro ခရမ်းရောင်လေးကို ဘယ်ဘက်လက်နဲ့ကိုင်ပြီး
သုံးနေရင်း နေရာ၏အရှေ့တည့်တည့်သို့အမျိုးသမီးတစ်ဦးလာရပ်သည်ကိုသတိထားမိ
တာကြောင့် မော့ကြည့်မိသည်

" အာ ~ ဟိုနေ့ကအစ်မဟုတ်တယ်မလား "

မျက်လုံးလေးပြူးပြီးချစ်စရာကောင်းအောင်
ပြောနေသည့် မှုံ့ကိုကြည့်ပြီး ခင်လည်းမျက်လုံး
ပြူးပြူးနဲ့ကြောင်တောင်တောင်သာကြည့်နေ
မိသည်. ဒီကောင်မလေးကဘယ်လိုတောင်တုန်း
စကားပြောနေပုံလေးက

" အမ်း.......... ဟိုနေ့ကအစ်မနဲ့တိုက်မိသွားတဲ့
ညီမ ဟုတ် ? "

" အင်း . ဟုတ်တယ် ဟုတ်တယ် အဲ့ဒါညီမပဲ "

ခေါင်းလေးကိုဆက်တိုက်ညိမ့်ပြရင်အားရပါးရ
ချစ်စရာကောင်းအောင်ပြန်ပြောပြနေတာလေးက အူယားစရာကွယ်

" အယ် ညီမကိုမှတ်မိတာပဲ "

" ဆိုပါတော့ "

" ထိုင်မယ်နော် "

" အင်း ... ထိုင် "

မှုံသဏ္ဌာန်က ခင်ရှေ့ကခုံတစ်ခုံမှာဂါဝန်လေးကို မ ပြီးအိန္ဒြေရှိရှိထိုင်လိုက်တယ်. ခင်လည်း
ကြည့်ရင်း သဘောကျလို့ပြုံးလိုက်လေရဲ့ ...

" ညီမကလေ အစ်မနဲ့တိုက်မိတည်းက အစ်မကို
မြင်ရင် သိပ်သဘောကျတာ "

" ရှင် "

" အာ ... ဒီလိုပါ အစ်မရဲ့စတိုင်ကိုပြောတာပါ
တကယ်မိုက်လွန်းတယ်. အစ်မက မော်ဒယ်လားဟင် "

စိတ်ဝင်တစားမေးနေသူကိုကြည့်ရင်း ပါးစပ်ကလေးအုပ်ပြီးကျွန်မရယ်မိပါသည်

If possible ~Where stories live. Discover now