If Possible ( Part-5 )

Start from the beginning
                                        

" ဟုတ်ကဲ့ အန်တီ. ဒီကိတ်မုန့်လေးကတော့
အခုလူကြိုက်များနေတဲ့ဒူးရင်းကိတ်လေးပါ
အန်တီ.အားလုံးက ချောကလက် စတော်ဘယ်ရီ ချိစ်တွေပဲစားနေရတော့ငြီးငွေ့လာကြပြီမို့
ကျွန်တော်တို့ဆီကအသစ်ထွက်ရှိထားတဲ့ White Durian Cake လေးပါ သူ့ရဲ့အထဲကအသားကဒူးရင်းအဝါရောင်လေးဖြစ်ပြီး အပြင်ကို white cream လေးတွေနဲ့ဖုံးထားတာကြောင့် အမြင်လှသလို စားလိုက်တာနဲ့နူးညံ့ပြီးအီစိမ့်နေတဲ့အရသာကိုခံစားရမှာဖြစ်ပါတယ် "

" ပြောရုံနဲ့တင် အန်တီကတော့သဘောကျနေပြီ
သားရယ် "

" ဟုတ်ကဲ့ဗျ ဒါလေးကအခုတလောလူကြိုက်
များနေတဲ့ ကိတ်လေးမို့ပါ "

" ဒါဆိုအန်တီ့ကိုတစ်ဘူးပေးပါနော် "

" ဟုတ်ကဲ့ပါဗျ. ဒါပဲလားအန်တီ "

" Brownie Chocolate Bun လေးပါတစ်ထုပ်
ပေးပါနော် "

" ကောင်းပါပြီဗျ. ငွေရှင်းဖို့အတွက်တော့ဟိုဘက်က ကောင်တာလေးကိုသွားပေးပါဗျ "

ပြောတတ်ဆိုတတ်၍ အသေးစိတ်က‌အစရှင်းပြပေးနေသည့် ခရောင်လေးကိုကြည့်ရင်း ကိုဉာဏ်တို့တော့ အကြည့်တွေမလွှဲနိုင်ဘဲပြုံးပြုံး
ကြီးသာကြည့်နေမိပါသည်. ခရောင်လည်းသတိထားမိတာကြောင့် သူ့သူဌေးကို လှည့်ကြည့်မိရင်း လက်မကလေးထောင်ပြကာ မျက်လုံးမှေးသည်အထိရယ်ပြလိုက်ပါသေးသည်. ခရောင်သည်ပါရမီရှိသည်ဆိုရမည်.
ဆိုင်ကိုခရောင်ရောက်လာကတည်းကိုက TN Cake က အရင်ကရောင်းရသည်ထက်ပို၍
ရောင်းအားကောင်းလာသည်ပင်။ အပြုံးချိုချို
နဲ့ချစ်ဖို့ကောင်းတဲ့ဝန်ထမ်းလေးရထားတော့
Customer များလည်း အကြိုက်တွေ့နေသည်
ထင်ပါရဲ့. ကောင်မလေးချောချောလေးတွေများဆိုင်ထဲထွက်ရင် ခရောင်ကိုငေးကြည့်ပြီးမှ
ပြုံးစိစိနဲ့ထွက်သွားကြလေသည်. ကိုဉာဏ့်အတွက်ပြောရရင်လည်း ဒီလိုဝန်ထမ်းကောင်း
ရထားသည့်သူ့အတွက်တော့ သူလည်းဝမ်းသာ
မိပါသည်.

ညနေစောင်း ဆိုင်ပိတ်ချိန်ရောက်တော့ ပြန်ဖို့
အတွက် ခရောင်သည်ပါလာသည့်သူ့လွယ်အိတ်ထဲကို ထီးတွေ ဖုန်းတွေပစ်သွင်းလိုက်ပြီးမှ လွယ်အိတ်ဇစ်ကိုအသာပိတ်ပြီး
ဉာဏ့်ကိုနှုတ်ဆက်လေတယ်.ဉာဏ်ကတော့
Counter ကခုံပေါ်မှာထိုင်ရင်း စာရင်းတွက်နေသည်.အာရုံစူးစိုက်ပြီးအလုပ်တစ်ခုကို
လေးလေးနက်နက်လုပ်နေတဲ့ တည်တံ့ဉာဏ်ကို
ကြည့်ရတာ အတော့်ကိုဆွဲဆောင်မှုရှိပါသည်.
အလုပ်လုပ်မှတပ်လေ့ရှိသည့် ရွှေရောင်မျက်မှန်
တစ်လက်ကိုလည်းတပ်ဆင်ထားတာကြောင့်
အသားအရည်လှပလွန်းသည့်သူ့မျက်နှာပေါ်တွင် ဒီမျက်မှန်ကအတိုင်းသား

If possible ~Where stories live. Discover now