အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်

Start from the beginning
                                    

" ဒီအပျက်မလေး သိပ်ကြာခင် ရူးသွားတော့မှာ သေချာတယ်၊ အမေတို့ ပိုသတိထားရတော့မယ့်ပုံပဲ..."

ရှန်ယွဲ့သည် ဆေးကြောပြီး ထွက်လာချိန်၌ ရှန်ရှင်းနှင့် ဆွန်းလင်တို့ မရှိတော့ချေ။ သူတို့သည် သူမနှင့် ရင်ဆိုင်ရန် တမင်ရှောင်လွဲသွားကြဟန်ပင်။ ရှန်ချန်ကသာ တံမြတ်စည်းကိုင်ထားပြီး ရှန်ယွဲ့က သူမအခန်းတံခါးရှေ့တွင် ပေကျံနေသည့် ပဲနို့များကို သန့်ရှင်းရေးလုပ်နေသည်ကို လာကူပေးလေသည်။

ရှန်ယွဲ့ ထွက်လာသည်ကို မြင်လိုက်ပြီးနောက် ရှန်ချန်က စိတ်မကောင်းစွာ ပြောလိုက်၏။

"အမ နင့်မနက်စာတွေ ဖိတ်ကုန်တာ နှမြောစရာကြီး၊ နောက်တစ်ခါ အဲလိုမလုပ်ပါနဲ့ နင် ဘာမှမစားရတော့ရင် ဘယ်ကောင်းတော့မလဲ"

ရှန်ယွဲ့ သူမ မောင်လေး၏စကားကို သဘောကျသွားပြီး သူမ၏စိတ်သည်လည်း ချက်ချင်း ပြေသွားတော့သည်။ ရှန်ချန်၏ပခုံးကို ပုတ်လိုက်ပြီး ကြည်လင်စွာ ပြောလိုက်တော့သည်။

" ဖိတ်သွားတော့ ဘာဖြစ်လဲ၊ သွားစို့၊ ငါ နင့်ကို မနက်စာ အပြင်မှာ လိုက်ကျွေးမယ်"

ရှန်ချန် အစက ထင်လိုက်သည်မှာ ရှန်ယွဲ့ သူ့ကို မနက်စာစားရန် ခေါ်သွားသည့်နေရာက သာမန်လမ်းဘေးဆိုင်တစ်ဆိုင် ဖြစ်မည်ဟူ၍။ သူသည် အိမ်နေရင်း ဖိနပ်ပါးတစ်ရံ၊ ညအိပ်ဝတ်နှင့် ထွက်လာခဲ့လိုက်သည်။ မျှော်လင့်မထားဘဲ ရှန်ယွဲ့က သူ့ကို လမ်းမပေါ်အထိခေါ်လာပြီး တက်စီတစ်စီးငှားကာ မြို့လယ်သို့ အလျင်စလို ထွက်လာခဲ့လေသည်။

သူတို့သည် မျက်စီကျိန်းလောက်သည့် ကြယ်ငါးပွင့် ဟော်တယ်နားသို့ ရောက်လာချိန်၌ ရှန်ချန်မှာ ပို၍ မသက်မသာဖြစ်လာလေသည်။ သူ၏ စုတ်စုတ်ပြတ်ပြတ် ညအိပ်ဝတ်စုံနှင့် ဖိနပ်ပါးတို့သည် သည်နေ့ရာနှင့် ကွဲလွဲနေတော့သည်။ ပေါ်နေသည့် ခြေချောင်းတို့ကို အမှတ်တမဲ့ ကွေးထားလိုက်မိတော့သည်။

" အမ ဒီကိုမလာခင်... ငါ ဘာလို့ အဝတ်မလဲ ခဲ့မိတာလဲ မသိဘူး" ရှန်ချန် မသက်မသာ ပြောလိုက်လေသည်။

" မနက်စာလေးစားရုံပဲလေ အဲလောက် ပုံမှန်ဖြစ်နေစရာမလိုပါဘူး"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now