အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်

Start from the beginning
                                    

ဆွန်းလင်သည် ဖြတ်သွားရာမှ သည်မြင်ကွင်းကို တွေ့လိုက်ရသည်။ သူမသည် အလွန်လန့်ဖျတ်သွားပြီး သူမ၏ ဝိဉာဥ်မှာ ပျံထွက်သွားတော့မတတ်ပင်။ ခြေလှမ်းကျဲဖြင့် ဝင်ချလာပြီး ရှန်ယွဲ့၏လက်ကို ဆွဲဖယ်လိုက်လေသည်။

ရှန်ရှင်း၏လည်ပင်းသည် ပိန်ပိန်သေးသေး ဖြစ်သည်။ ရှန်ယွဲ့လက်ထဲတွင် အသာလေးဖျစ်ညစ်လိုက်ရုံနှင့် ကျိုးသွားတော့မည့် ကျူရိုးလေးတစ်ခု လိုဖြစ်နေသည်။

ရှန်ယွဲ့၏ ဒေါသက အနည်းငယ်ထိန်းမရဖြစ်နေသည်ကို အားရုံခံစားမိနေရာ ရှန်ရှင်းသည် အမောတကာဖြင့် တောင်းပန်လိုက်တော့သည်။

" ငါ တောင်းပန်ပါတယ်၊ ငါ-ငါနင့်ကို ထပ်မခေါ်တော့ပါဘူး"

ရှန်ယွဲ့ သူမ၏လက်ကို လွှတ်ပေးလိုက်ပြီး ဘေးတွင် ရပ်နေသည့် ဆွန်းလင်ကို စိတ်မရှည်စွာ ကြည့်လိုက်လေသည်။ ဆွန်းလင်သည် ချက်ချင်းလိုပင် အလွန်ကြောက်လန့်သွားပြီး နေရာတွင် အေးခဲသွားတော့သည်။

"ကျွတ်"

ရှန်ယွဲ့ အထင်းသေးကာ နှာခေါင်းရှုံ့လိုက်၏။ သူတို့နှစ်ယောက်နှင့် ကြမ်းပေါ်က အမှိုက်များကို လစ်လျူရှုထားလိုက်ကာ ရေချိုးခန်းဘက်သို့ လျှောက်သွားလိုက်တော့သည်။

ရှန်ယွဲ့ထွက်သွားပြီးနောက် ရှန်ရှင်း၏မျက်လုံးများထဲတွင် မျက်ရည်များကျလာတော့သည်။ ရှန်ရှင်း ဆွန်းလင်၏လက်မောင်းကို ကြောက်ရွံ့ကာ ဖက်ထားလိုက်၏။ သူမ၏အသံကပင် တုန်ယင်နေတော့သည်။

" အမေ သူ သမီးကို တကယ် ချက်ချင်းပဲ သ-တ်ချင်နေတာ"

ရှန်ယွဲ့ ဘယ်တုန်းက အဲလောက်ကြောက်စရာကောင်းသွားတာလဲ။ အရင်တုန်းကဆိုရင် သူဘယ်လောက်ပဲ အနိုင်ကျင့်ကျင့် စော်ကားစော်ကား ရှန်ယွဲ့ လုံးဝ ဒေါသမထွက်ခဲ့ဖူးဘူးလေ။

ဆွန်းလင်သည်လည်း ယခုလေးတင် တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်သွားလေသည်။ သို့သော် ရှန်ယွဲ့ထံမှ ဘာအကျိုးအမြတ်မှ မရတော့သည့်အတွေးကြောင့် ဒေါသဖြင့် အံကြိတ်ထားလိုက်ပြီး ရှန်ရှင်းကို နှစ်သိမ့်ပေးလိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now