-ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း ဆက်လက်ဖြစ်ပျက်နေပါသော်ငြား ကျိုးကြောင်းဆီလျော်မှု မရှိတော့ချေ။

မော့ကျိုးရှောင် တောင်းဆိုလေတိုင်း၊ လိုချင်တာကို ပြောပြလိုက်တိုင်း ခြူးမုယွင်က လက်ခံပေးခဲ့သည်ချည်း။ သူ့ကို အတိုင်းထက်အလွန် အလိုလိုက်ထားခဲ့သည်ဖြစ်ရာ ဤကိစ္စကိုလည်း လက်ခံခေါင်းညိတ်ပေလိမ့်မည်။

ဤနည်းဖြင့် ချစ်ရသူကို အလွယ်တကူ ပိုင်ဆိုင်နိုင်ခဲ့သော်ငြား မော့ကျိုးရှောင်မှာ သူ၏ နှလုံးသားထဲမှ မီးတောက်များကို မငြိမ်းသက်နိုင်ခဲ့ပေ။ ထိုအစား ပိုမိုပြင်းထန်စွာ တောက်လောင်လာပြီး ရူးသွပ်စွဲလမ်းစိတ်များက တဖြည်းဖြည်း ဖုံးကွယ်၍မရအောင် ဖြစ်လာတော့သည်။

ခြူးမုယွင်အပေါ် အလွန်အမင်း စွဲလမ်းနေမိပြီး အကြင်သူ၏ ခန္ဓာကိုယ်၊ လူတစ်ကိုယ်လုံးမှအစ ဆံပင်စလေးပါ မကျန်အောင် အလွန်အမင်း ချစ်မြတ်နိုးလာခဲ့သည်။ ချစ်ရသူနှင့် ပတ်သက်သမျှ အရာအားလုံးအပေါ် လောဘကြီးလာခဲ့လေသည်။

အမြဲထာဝရ… တစ်သက်လုံး အတူရှိနိုင်လျှင် မည်မျှကောင်းလိမ့်မည်နည်း။

နှလုံးအိမ်ကို နွေးထွေးစေသော ချိုမြိန်လှသည့် နေ့လေးတစ်နေ့… သူတို့နှစ်ဦးလုံးအတွက် လှပနွေးထွေးသော နေ့လေးတစ်နေ့ ဖြစ်ခဲ့သည်။

သို့သော် မော့ကျိုးရှောင် ဝန်ခံလိုက်ချိန်တွင် အရာအားလုံး ပျက်စီးကုန်တော့သည်။

မော့ကျိုးရှောင်သည် ခြူုးမုယွင်ကို အလွန်ချစ်မြတ်နိုးမိ၍ သူ၏ ပြင်းပြလွန်းသော ခံစားချက်များကို မည်သို့မည်ပုံ ထုတ်ဖော်ရမှန်း နားမလည်ခဲ့ပေ။ ပိုင်ဆိုင်လိုစိတ်၊ ရမ္မက်ဆန္ဒများနှင့် ဖွင့်ဟဝန်ခံခဲ့ပြီးနောက် သူ၏ စိတ်ထဲတွင် ရှင်းပြ၍မရအောင် လစ်ဟာနေမှန်း သတိထားလာမိသည်။

သက်ဝင်ယုံကြည်သူတစ်ဦးကဲ့သို့ ရိုးသားဖြူစင်စွာဖြင့် လျှံကျလုမတတ် နက်ရှိုင်းလွန်းသော ချစ်ခြင်းတရားများကို ဖော်ပြခဲ့သည်။ : “ကျွန်တော် ခင်ဗျားကို ချစ်တယ်… ချစ်တယ်… ချစ်တယ်…”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now