ကျွန်းပေါ်တွင် ( Choise )

1.8K 145 73
                                    

ဝုန်းး

JorDan - ခွေးကောင် Aiden!

သစ်သားတံခါးကိုစောင့်ပိတ်ကာ ဒေါသတကြီးဘေးကစာအုပ်စဥ်ကြီးအား အုန်းးခနဲလှဲချပစ်လိုက်သည် ။
အရာရာအကုန်ပေးအပ်ပြီး ဒီကလေးတွေနဲ့ဒီကောင်လေး ကိုကြည့်ပေးယုံနဲ့ကြေနပ်ခဲ့သည် ။ Wilsomမိသားစုထံပေါ်မလာတော့ဘူးဟု.. ဒီ့အစား သူ့ကိုတော့အသက်ရှင်သေးတာပေးမသိစေဖို့ အကြိမ်ကြိမ်မှာခဲ့ကာ အမှတ်တရတွေများစွာရှိသည့်ဒီကျွန်းပေါ်ခြေချခဲ့သည် ။

JorDan - ဒါကိုအရောက်ပို့ပေးသေးတာ..

အကြိမ်ကြိမ်တာဝန်ယူနိုင်တယ် မင်းထက်ချစ်ပေးနိုင်တယ်ဟုသံကောင်းဟစ်ခဲ့တာသူ့အရှေ့မှာမို့လား ။ အခုတော့အကုန်လုံးကျွန်းပေါ်ရောက်ချလာတာမို့ Aidenအပေါ်ဒေါသတွေပုံကျသည် ။

အရာအားလုံးစွန့်လွှတ်ပြီးပြီမို့ JorDanတွင် ငွေဆိုပါကလက်ထဲဒေါ်လာ100တောင်မရှိနေ ။ သစ်သားအချို့သာပို့ခိုင်း၍ ကျွန်းပေါ်ကအိမ်ကိုမိမိဘာသာနေလို့ရယုံဆောက်လုပ်ခဲ့သည် ။ ဒီကျွန်းပေါ်ရောက်ရောက်ခြင်း ဘယ်လက်ကလုံးဝသုံးမရတဲ့အနေအထား ။ လူကဒဏ်ရာအရှင်းမပြောက်သေးတာကြောင့် အရာရာခက်ခဲခဲ့သည် ။ work outများများလုပ်ပြီး ခနွာကိုယ်အားနေ့မနား ညမနားtrainခဲ့သည် ။ အထီးကျန်မှုတွေကို စာအုပ်တွေနဲ့မျောချသည် ။ သတိရတိုင်းမှာ ရေကိုမုန်းလောက်အောင်ကူးပစ်သည် ။

တိုက်တိုက်ဆိုင်ဆိုင် မနေ့ညကလုံးဝအိပ်မရခဲ့ ။ တစ်ပုံထဲသော ကောင်လေးဓာတ်ပုံကိုပြန်ကြည့်၍ လွမ်းနေခဲ့တာကြောင့် မိုးမလင်းသေးရေကူးဆင်းပြီး လူကမောပန်း၍မလှုပ်နိုင်တော့ကာမှကုန်းပေါ်အတက် အော်ခေါ်သံနှင့်အတူပြေးဖက်ခံရတော့ အစကရူးနေပြီဟုတောင်ထင်ခဲ့မိသည် ။

အခုတော့ စီစဥ်ထားသလိုမဟုတ်ဘဲ သက်ရှင်တာသိသွားပြီမို့ ဘာဆက်လုပ်သင့်သလဲ ။ ဒီအတိုင်းမုန်းသွားခဲ့လျှင်အကောင်းဆုံးဖြစ်သည် ။ သို့သော် ကံတရားကိုမယုံ ။ အမြဲဒီကလေးနဲ့ခဏခဏဆုံခွင့်ပေးနေတာမဟုတ်လား ။

ယခုအိမ်သည် ဆယ်ပေပတ်လည်သာရှိ၍ စာအုပ်စဥ်နဲ့ စားပွဲသာရှိသည့်အခန်းထဲတွင် သောင်းကြမ်းထားသည်ကြောင့် ရှုပ်ပွလျှက် ဒေါသကြောင့်ပုခုံးကျယ်များကနိမ့်ချည်မြင့်ချည်ဖြစ်ကာ စားပွဲသို့လက်2ဖက်ကထောက်လျှက် ခေါင်းငိုက်စိုက်အနေအထားဖြင့်စဥ်းစားနေသည် ။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Dec 25, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Tempat cerita menjadi hidup. Temukan sekarang