ကျွန်းပေါ်တွင် ( တတိယရက် part2 )

4.3K 355 34
                                    


မှေးမှေးနဲ့အိပ်ပျော်သွားတာ... အတိတ်ကအကြောင်းများပင် အိပ်​နေတာတောင် အိမ်မက်ထဲသို့ နယ်ချဲ့လာချေပြီ... ။

" ဟင်း..ငါ့မှာသူနဲ့ပက်သက်သမျှအားလုံးက ရင်နာစရာတွေကြည့်ဘဲရယ်.."

*** သို့သော် အတိတ်သည်အတိတ်ပဲမို့ §မှတ်မရှိစွာ ၊ တစ်ခါကြင်နာပြယုံနဲ့လုပ်ခဲ့သမျှအကုန် မင်းသစ်နားလည်ပေးနိုင်သည် ***

တစ်ခါလောက်တော့ သူ့ကိုချစ်ကြည့်ခြင်သည် ။
သူဘယ်လောက် တနှာရူးမှန်းမင်းသစ်သိသည် ၊ စေ့စပ်ထားတဲ့ ယောကျာ်းတစ်ယောက်ဆိုတာလဲပဲ မင်းသစ်သိသည် ။

ဒါပေမဲ့... တစ်ခါလောက်..တစ်ခါလောက်ပဲ... ။

( ငါ့ကိုတော့.... မချစ်မိစေနဲ့... )ရုတ်တရက် ထိုစကား ပြန်ကြားယောင်မိပြန်တော့...

ဟုတ်သားး...၊ သူသတိပေးခဲ့တာပဲ... ။

ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ.. ၊ ငါချစ်မိနေပြီလေ...။

နင့်နင့်သီးသီးကို ချစ်မိနေတာ...၊ သူ့ရဲ့တနှာရာဂ အကြည့်တွေကိုလဲချစ်တယ် ၊ အလျော့မပေးတက်တဲ့ အကျင့်ကိုလဲချစ်တယ် ၊ အနိုင်ကျင့်တက်တာရော လိုရင်သုံးပြီးမလိုအပ်ရင်ပစ်ထားတက်တဲ့
အကျင့်ကိုရော အကုန်ချစ်တယ်.... ။

Sirနဲ့ အဲ့ဒီနေ့က အခန်းထဲထွက်တော့ ပြောလိုက်တဲ့စကားကို မှတ်မိပါသေးတယ်...

Aiden - သူ့အနားကဝေးဝေးနေ... သူကမင်းထင်တာထက် အန္တရာယ်ရှိတယ်... ဒါကြောင့်... သူနဲ့တော့ မဖြစ်ဘူး...

ဒီစကားကြားတော့ မင်းသစ်တွေတွေလေးကြည့်နေမိသည် ။ Sirတကယ်အလေးနက်ထားပြောနေတာပါ...
မီးနဲ့ကစားရင် ကိုယ်ပါလောင်မြိုက်သွားလိပ်မည်ဟု ထိုမျက်ဝန်းနက်နက်တွေက သတိပေးနေသလိုပါ...။

** ဒါပေမဲ့ ဘယ်လိုလုပ်မလဲ Sir,
ကျွန်တော်က မီးနဲ့မကစားခင်ထဲက အဝေးကနေ တယောက်ထဲလောင်မြိုက်နေခဲ့တာ... **

အမိုးအောက်တွင်ရှိနေပါရက်နဲ့ ပါးပြင်တွေစိုစွတ်လာသည် ။

( fcck... ဘယ်အချိန်ထဲက... ဒီလောက်တောင် )

မျက်ရည်များဖြင့် ရွှဲနစ်နေသော မျက်လုံးပေါ်သို့ လက်ဖြင့်အုပ်၍ အခါခါစဉ်းစားသော်လည်း အဖြေကပေါ်မလာ... ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now