ကျွန်းပေါ်တွင် ( စတုတ္ထရက် )

4.3K 348 40
                                    


" အ.. သေ..ပြီ.. ကျွတ်ကျွတ် "

ခန္ဓာကိုယ်က ဖြစ်သလို ခွေခေါက်နေတာမို့ ရုတ်တရက် အသိပြန်ဝင်ချိန်မှာ တကိုယ်လုံးကိုက်ခဲလေပြီ... ။

ထို့နောက် နာကျင်မှူနဲ့အတူ မျက်လုံးဖွင့်ကြည့်တော့..

မင်းသစ် - ဟင်...

** ယခုအခြေအနေဟာဆိုရင်ဖြင့် အပင်ပေါ်မှာပဲရှိသေးပြီး ဒါတင်မက တနှာရူးBossရဲ့ဂုတ်ကို ခွစီးထားသည်မို့ ရုတ်တရက်ကြောင်အ ခြင်းနှင့်အတူ ခေါင်းထဲသို့ အဖြစ်ခဲ့သမျှ ပြန်လည်ပုံဖော်ရသည် **

မနေ့ညက
--------------

[ ဝေါ..ဝေါ..ဂျိန်းး ]

မင်းသစ် တချက်မှေးကနဲဖြစ်သွားပြီး သတိပြန်လည်လာချိန်မှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အင်မတန်ဆိုးရွားသော အခြေနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်.. ၊ မျက်စိရှေ့တွင်လဲ လဲပြိုနေသော သစ်ပင်များက လက်ချိုးရေတွက်လို့ပင် မရတော့... ။

ညအမှောင်ကြောင့် သိပ်မမြင်ရသော်လည်း တချက်တချက် လျှပ်စီးလတ်လိုက် ချိန်တွင်တော့ မြင်ရသည့်မြင်ကွင်းသည် ဘာမှပင်ရစရာမရှိတော့ပါ... ။

ပြင်းသထက်ပို၍ပြင်းလာသော လေပြင်းများကြောင့်
ဆက်ကနဲ သစ်ပင်အောက်သို့ ပြုတ်မကျမိအောင် မင်းသစ်ရောက်ရှိနေသည့် ရင်ခွင်အားပို၍ ဖက်တွယ်မိသည် ။

အကယ်၍များ ပြုတ်ကျမိပါက တခါထဲ ရေစီးနဲ့အတူပါသွားပြီး အလောင်းတောင်ပြန်ရမှာမဟုတ်ချေ...။

JorDan - နိုးပြီလား...

အသံကဖျော့တော့တော့ရယ်ပါ...၊
သူတအားပင်ပန်းနေပြီ ထင်ပါရဲ့... ။

** မျက်ခွံများက အမှောင်ထဲမှာတောင် စူးရှနိုင်လွန်းသည့် မျက်အိမ်တစုံအား ဖုံးလွှမ်းတော့မည့်အတိုင်းပင် မှေးစင်းလျက်... ၊ ခန္ဓာကိုယ်ကြီးမှာလဲ ပိုပို၍ နွေးလာလေပြီ... ငါ့ရဲ့ အဖျားတွေများ စုပ်ယူသွားလေသလား.... **

မင်းသစ် ကပြာကယာပင်...

မင်းသစ် - Boss... Boss အဆင်ပြေရဲ့လား...

[ ခင်များကြီး အဆင်မပြေလို့မရဘူးနော်... သစ်ပင်ကို တင်းကြပ်စွာကုပ်တွယ်ထားတာ သူမို့...
သူသာတခုခုဆို 2ယောက်လုံး သွားပြီ... ]

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now