ကျွန်းပေါ်တွင် ( Be Patient )

2.3K 215 54
                                    


လွန်ခဲ့သော 25နှစ်ခန့်က
----------------------------

JorDan - Aidenမင်းငါ့ကိုတစ်ခုကူညီမှရမယ်..

Aidenရုတ်တရက် မြင်းစီးလေ့ကျင့်ပြီးအပြန် ကိုယ့်အခန်းကိုယ်ပင်မဝင်ရသေး အိမ်စေတယောက်ကို လွှတ်၍ခေါ်ခိုင်းသည်မို့ daddyအလစ်မှာအပြေး သွားတွေ့ရသည် ။

" အကိုသည်အမေဆုံးပြီးထဲက daddyအပါဝင် ဘယ်သူနဲ့မှစကားမပြောတော့သလို အခန်းပြင်လဲမထွက်တော့ပါ ။ ဒီကြားထဲ ဘာတွေကြံပြီး စီစဥ်နေလဲ မသိပေမဲ့ Aidenအမေဖြစ်သူနဲ့ ဦးလေးကခပ်ဝေးဝေး နေခိုင်းသည်မို့ Aidenလဲကိုယ်လုပ်ခဲ့တဲ့ အပြစ်အပေါ် မျက်နှာပူကာ သွားမတွေ့ခဲ့ ။ "

<< အခုကြတော့ မတွေ့လို့လဲမရတော့ကာ JorDanကိုလဲမြင်ရော ထိုမျက်လုံးတွေစေ့စေ့ မကြည့်ရဲ... ထင်မိသည်က တန်ပြန်အပြစ်ပေးမည့် စကားဟုထင်ခဲ့သော်လည်း အကူညီတောင် ပြန်တောင်းနေသည်မို့ အံ့သြရသည် ။ >>

Aiden - ဘာ.. ဘာကူညီရမှာလဲဟင်..

မျက်နှာသို့ မေ့ာမကြည့်ဘဲ မဝံမရဲဆိုလာသည်မို့ ။

JorDan - တကယ်က ငါမင်းကို သေလောက်အောင် စိတ်ဆိုးတယ်Aiden..

အမေးတခြားအဖြေတခြားမှာမှ ထွက်လာသည့် ထိုစကားကြောင့် အသက်ရှုတောင်ရပ်တန့်မိသည် ။

" ဟုတ်တယ်.. အကိုမုန်းသင့်ပါတယ်.. ငါ့ကြောင့်.. ငါခေါင်းရှောင်ခဲ့လို့.. "

လက်သီးတင်းတင်းစုပ်ကာ ပြောသမျှခေါင်းငုံခံမည် ဆိုကာရှိသေး ။

JorDan - ဒါပေမဲ့.. မင်းကိုငါနားလည်တယ်.. ငါလည်းပဲ မင်းနေရာမှာဆို ဒီလိုလုပ်ကောင်းလုပ်နိုင်တာမိုလို့..

လေပြေခပ်နွေးနွေးနှင့်အတူ နားထဲရောက်လာသော ထိုစကားသံသည် ကြားရသူအား စိတ်အေးသက်သာ သွားစေခဲ့သည် ။ သို့ရာတွင် မိမိအပြစ်မိမိသာ အသိဆုံးပေမို့ သူခွင့်လွှတ်သော်လည်း ကိုယ်ခွင့်မလွှတ်နိုင်ပါ ။

" ဒီအကြွေးတွေပြန်ဆပ်မှာပါ.. သူများမိသားစု ပျက်စီးအောင်လုပ်ခဲ့တာရော... အကို့အမေ မတရားခံရတာရော.. အခုအကိုခံစားရတာပါ ပြန်ပေးမှာပါ ။ "

Aiden - ကျွန်တော်ဘာလုပ်ပေးရမလဲ..

ပြန်သားသောလေသံသည် ဘာမဆိုအတွက် အဆင့်သင့်ရှိဟန် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now