ကျွန်းပေါ်တွင် ( Bad Dream )

2.6K 191 36
                                    


တိတ်ဆိတ်ခြင်းထက်ကျော်လွန်သော ငြိမ်သက်ခြင်းတို့ဖြင့် စက္ကန့်ပိုင်းလောက်ဖြစ်တည်ပြီးချိန်မှာတော့ မင်းသစ်ခုနကစကားကို ခေါင်းထဲပြန်လည်ပုံဖော်လိုက်ရသည် ။

"" အခုငါနဲ့အိပ်မယ်လို့ ပြောလိုက်တာလားးး ""

လူကမလှုပ်မယက်ဖြစ်နေပေမဲ့ ထိုစကားကြောင့် ရင်ထဲအသက်ရှုပဲကြပ်သွားသလိုလို လက်ဖျားတွေအေးစက်လာရင်းမှ အားကိုးတကြီးအကြည့်က သူ့စီကို.. ။ ဘာကြောင့်ရယ်သေချာမသိပေမဲ့ ဘာဆက်ဖြစ်လာမလဲကိုတော့ မင်းသစ်စိုးရိမ်သည် ။

** သို့သော် မင်းသစ်ပါမက တခန်းလုံးကအကြည့်က သူ့ထံတွင်... တရားသူကြီးကအမိန့်တခုချမည့်ဟန်အတိုင်း စောင့်ဆိုင်းနေပြန်တော့ အာဏာရှိသူသည် ရုပ်အသွင်အပြင်မှာ မျက်ခုံးတစ်စုံသည်တင်းကနဲ ကျုံ့သွားယုံမှအပ ပကတိတည်ကြည်သောအနေအထားတိုင်းပင် ။ **

Thomas - အဆင်ပြေတယ်မလား..

နုတ်ခမ်း၌အပြုံးပန်းဆင်ကာ ထပ်၍ဆင့်ကဲမေးလိုက်သည်မို့တကယ်အံ့သြရသည် အစကတော့ လူကြီးလူကောင်းတွေလို့ထင်ခဲ့ကာမှ လူမြင်တိုင်းငန်းငန်းတက်ဖြစ်နေတဲ့ တနှာရူးကောင်တွေအသွင် ။

"" ဒါပေမဲ့သေချာစဥ်းစားကြည့်ရင် သူတို့ကငယ်ငယ်လေးထဲက ပုခုံးဖက်ပေါင်းလာကြသူတွေပါ ။ တယောက်အကြောင်းတယောက် အတွင်းကျကျသိကြမည်ဆိုတာ မြေကြီးလက်ပုတ်မလွဲ... တကယ်က ငါလိုသာမာန် တောက်တိုမရအဆင့်နဲ့အိပ်ခြင်ရင် ခွင့်မတောင်းဘဲယူအိပ်ရင်တောင် မင်းသစ်ဆိုသည့် ကောင်လေးသာမဟုတ်ခဲ့ရင်.. ၊ Bossနဲ့သာမငြိနေခဲ့ရင် JorDanဆိုတဲ့သူမှာ ဘာတခွန်းမှပြောမည့်သူမဟုတ် ။ ""

(( ထူးခန့်နဲ့Ms.Junရှိတယ်ဆိုပြီး ငါ့ကိုသူနဲ့ပေးအိပ်ခွင့်ပေးလိုက်မှာတော့ မဟုတ်ပါဘူးနော်.. ))

Ryan - Thomas.. မင်းကလဲ အဲ့ကောင်လေးက JorDanရဲ့BodyGuardလေ.. ဖြစ်ပါ့မလား..

< အလိုက်သိသောသူက ကြားထဲဖြန်ဖြေသလို စကားအသုံးအနူန်းမှာ အနဲငယ်ဟန့်ထားသယောင် >

Liar - အခြားသူရွေးစမ်းပါ အဲ့ကောင်လေး အကြမ်းခံပုံမပေါ်ဘူးနော်..

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now