ကျွန်းပေါ်တွင် (6ရက်မြောက် part2 )

3.9K 436 100
                                    


မင်းသစ် - f**kလမ်းပြောက်ပြန်ဘီ... ဒါဆို ဒီဘက်ကွေ့ရမှာထင်တယ်..

" မသာဂေါင်ကြီး.. ဘယ်တော့မှ ငါနိုးလို့ကြည့်လိုက်တိုင်း ဘေးနားမရှိဘူး... လုပ်ခြင်တိုင်းလုပ်ပြီးရင် ကြက်ပြောက်ငှက်ပြောက်.. နောက်ကို အဲ့ကြက်ကင်ကိုစားအုံးမှာ... "

<< လက်တဖက်က ခါးအနာကြောင့် ခါးကိုထောက်ကာ တဖက်က coatကိုဆွဲမြဲစွာ ကိုင်ခြုံလျက် တယိုင်ယိုင်ဖြင့်လျှောက်ရင်းနဲ့ပင် ပါးစပ်ကလဲပွစိပွစိ >>

မင်းသစ် - ကျစ်... ခါးက တော်တော်နာ... ဒါနဲ့ ဒီဘက်လမ်းကရော မှန်ရဲ့လားမသိ..သိ..ဟင်... မုန့်..မုန့်လုံး...

** ခပ်ဝေးဝေးကနေ လှမ်းမြင်ရသော မြင်ကွင်းကြောင့် မျက်လုံးလေးများ လတ်ကနဲဖြစ်ကာသွားပြီးလျင် ကျေးဇူးတင်စကားပြောဖို့ ခြေလှမ်းဘယ်နှလှမ်းမှ မလှမ်းရသေး...

မြင်ကွင်းထဲ ထက်တိုးလာသော ဘေးကလူ၏ ပုံရိပ်ကြောင့် နုတ်ခမ်းပေါ်က အပြုံးလေးသည် တရိပ်ရိပ်ပြောက်ကွယ်ကာ ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်တော့... **

<< Boss ဘယ်တုန်းက မုန့်လုံးနဲ့ဒီလိုမျိုး ရယ်မောစကားပြောရလောက်တဲ့ ဆက်ဆံရေးဖြစ်သွားတာလဲ... >>

[ တကယ်ပါ... အရင်ရက်ကပဲ မုန်းပါချည်ရဲ့ဆိုပြီး မြွေကိုက်ခံရလို့ အကူညီယူခဲ့တာတောင် စိတ်ဆိုးခဲ့သည်မို့ တညလုံးပေးဆပ်ခဲ့ရသည်
မဟုတ်လား...

ယခုလိုပုံစံမြင်တော့ စိတ်တော့မဆိုးပါ...
သို့သော် စိတ်မကောင်း... ]

" ထိုအပြုံးတွေမြတ်နိုးသည်မို့... မိမိနဲ့ထိုက်တန်သည့်တိုင်အောင် အရာရာခွင့်လွှတ်ပေးခဲ့သည် ၊ သည်းခံပေးခဲ့သည် ၊ ဘယ်တော့မဆို သူနဲ့ဆက်ဆံပြီးရင်လဲ ကိုယ်သာလျင် သေကောင်ပေါင်းလဲဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ ခြစ်ရာတမျှင်မထင်စေခဲ့....၊

ဒါကိုတောင် ဘာကိစ္စ ထိုအပြုံးမျိုး မမြင်ဘူးခဲ့သည်လဲ ၊
ကိုယ့်အတွက်မဟုတ်သည့် အပြုံးကို အဝေးကနေ ငေးကြည့်ယုံသာတက်နိုင်တဲ့ အဖြစ်ကိုလဲ ခံပြင်းလို့ မဆုံးပါ... "

** ဘာတွေများထပ်ပေးဆပ်ဖို့ ကျန်သေးလို့လဲ **

<< မျက်နှာရှေ့တွင် ရီမောနေကြသော သူတို့2ယောက်ကို ကျောပေးကာ သစ်ပင်ခြေရင်းတွင် ငူငူလေးထိုင်ရင်းပင် ငြိမ်နေမိသော်လည်း... ရင်ဘက်တစ်ခုလုံးကတော့ အဝတ်ဖြင့်အထပ်ထပ်ခြည်နှောင်ထားသလို တင်းကြပ်ကာ ဖွင့်ထုတ်ဖို့လဲ မတက်နိုင်... >>

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now