ကျွန်းပေါ်တွင် ( WonderLand )

2.8K 311 58
                                    


တရှူံ့ရှူံ့နဲ့ကားပေါ်သို့ လိုက်ပါရင်းစဉ်းစားနေသည်က ငါတို့ဇာတ်လမ်းက ပြီးသွားပြီလား.. ။

( ကလေးကို အရမ်းချစ်တယ်ဆိုတာ ဘယ်ကလေးကို မှန်းဆပြီးပြောခဲ့တဲ့စကားတွေလဲ.. ၊ Bossအရင်က ဘယ်လောက်ပွေပွေ ဘယ်လောက်ဆိုးဆိုး ကျွန်တော်နားလည်ပေးနိုင်တယ်.. ဒါပေမဲ့ အခုကြတော့ Hazelတွေကျွန်တော့စီကလွဲပြီး အခြားသူစီမှ မရောက်စေခြင်တော့ဘူး .. ။ )

ကျွန်တော်လဲ လူပဲ အတ္တတော့အနဲနဲ့ အများရှိတာပေါ့... ကိုယ့်ချစ်သူကို အခြားတယောက်နဲ့ ဒီလိုလက်ခြင်းချိတ်
သွားဖို့မပြောနဲ့ ယောင်လို့ကြည့်မိရင်တောင်
မကြိုက်ဘူး... ။

" မုန်းတယ်.. အရမ်းမုန်းတာ.. Bossကျွန်တော့ကို လွယ်လွယ်နဲ့ချော့ရမယ်မထင်နဲ့.. "

[ ဘေးက သူငယ်ချင်းကိုကြည့်ရင်းနဲ့ မိုးသားလဲ သက်ပြင်းတချချပင်... ။
တလမ်းလုံး ဖေးမစကားပြောခြင်ပေမဲ့ ၊ ဘယ်ကဘာစပြောရမှန်းမသိသလို ၊ အခုအခြေအနေက သူတို့2ယောက်ထဲမဟုတ်ပြန်တော့ ခတ်သည် ။ ]

** မျက်ရည်များကသာ ပါးပြင်ပေါ်သို့ အဆက်မပြတ်လိမ့်ဆင်းနေပေမဲ့ မင်းသစ်အကြည့်က
Wing Mirrorကနေတဆင့် ​နောက်တွင်လိုက်ပါလာသည့်
ရွှေအိုရောင်ကားကနေမခွာပါ... **

" ဘေးကလူတယောက်အနေနဲ့တောင် သူငယ်ချင်းဖြစ်သူရဲ့ ချစ်တက်မှူကိုခံစားမိသည်မို့ Bossဆိုရင် ပိုလို့တောင်နားလည်ပါလိပ်မည် ။ "

မိုးသား - မင်းသစ်..

[ အားပေးစကားတစ်ခုခုပြောဖို့ ဟပြီးကာမှ ... ]

Ears Phoneများထံသို့ Joinလာသည့်အသံတစ်ခု ။

<< အစီစဉ်မရှိဘဲ တက်စရာpartyတစ်ခု ဒီညပေါ်လာတာမို့ အကုန်လုံး ည6နာရီအဆင်သင့်ပြင်ဆင်ထားရမယ် >>

* ထိုအသံသည် မင်းသစ်တို့အကုန်လုံးအား ညွှန်ကြားနေကြ Sirအသံပါ ၊ ယခုစကားသည် BodyGuardတိုင်း၏ နားထဲသို့ရောက်လာပေမဲ့ မင်းသစ်ကိုကြည့်တော့ ကြားလားမကြားလားပင်မသိ ငူငူငိုင်ငိုင်ပင် မမြင်ရတဲ့Bossမျက်နှာအစား ကားလေးသာလျှင်​မျှော်ကြည့်နေသည်ကြောင့်... *

[ ဒီကောင် တော်တော်ကွဲနေတာဘဲ ..]

တရိပ်ရိပ်ပြေးလာသော ကားများကခြံထဲသို့​ ရှေ့ဆင့်နောက်ဆင့် ဆိုက်ရောက်ကြသည့်အခါ ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now