ကျွန်းပေါ်တွင် ( တတိယရက် )

5.3K 407 26
                                    


တညလုံး အဖျားတေတက်၍ အိပ်ပျော်သွားလိုက် နိုးလာလိုက်နဲ့ သံသရာလည်နေတာ အခုဆိုရင် မနက်တောင် မိုးလင်းလာပြီ ဖြစ်သည် ။

နိုးနိုးခြင်း အိပ်ခြင်မူးတူးဖြင့် -

" မင်းသစ် ဘေးဘီကို မျက်စိကစားကြည့်လိုက်ရာ ဟိုတနှာရူးကို အစနတောင် မမြင်ရပါ... "

အေးလေ... မြိုဖို့စိုဖို့ ရှာအုံးပေါ့...။
နေမကောင်းတဲ့သူ လာခိုင်းလို့ကတော့ ပါးထရိုက်မှာ.... ။

တကိုယ်လုံးကိုက်ခဲကာ ညလုံးပေါက် ဖျားတာကြောင့် ကိုယ်လဲ အိပ်မပျော်သလို သူလဲအိပ်မရ...။

မ​နေ့ညက အဖြစ်ကို တွေးမိပြန်တော့လဲ ရင်ထဲ နဲနဲနွေးထွေးသလို...

မင်းသစ် - မချွတ်နဲ့ ဖယ်... တနှာရူးကောင်ရဲ့..

( မင်းသစ်ရဲ့ ရေစိုအဝတ်တေကို အကုန်ဆွဲချွတ်တော့ မိမွေးတိုင်းဖမွေးတိုင်း ဖြစ်သွားတာမို့ အဖျားထက် အရှက်ကြောင့် မျက်နှာတခုလုံးရဲတက်သွားသည် ..)

ထို့နောက် သူလဲ အဝတ်တေအကုန်ချွတ်ပစ်ကာ မင်းသစ်ကို ရင်ခွင်ထဲ စောင့်ဆွဲထည့်ကာ ဖက်ထားတော့....

မင်းသစ် - လာမထိနဲ့သွား...ဟင့်အင်း...လွှတ်လို့..

JorDan - မင်းဘယ်လိုဖြစ်နေတာလဲ... အပူချိန် 38°​လောက်ဖြစ်နေပီ ဒီတိုင်းနေရင် သေသွားလိပ်မယ်...

မင်းသစ် - သေပါစေ... သေတော့လဲ
Bossနစ်နာတာ ဘာမှမရှိဘဲ...

JorDan - မင်းတော်တော်လျှာရှည်ပါလား ငြိမ်ငြိမ်နေလို့ပြောရင် ငြိမ်ငြိမ်နေလိုက်လေ..

[ မသာကောင် သူကတပြန်ကြီး ဒေါသထွက်ပြနေတယ်... မူမဲ့သာမူပြနေတာ မင်းသစ်လဲ ထိုရင်ခွင်ကို စိတ်ရှိတိုင်း ဖက်တွယ်ထားခြင်ပါသည် ..]

တင်းကြပ်စွာ ​ပွေ့ဖက်ထားတာကြောင့်
သူ့ရဲ့ ဝင်သက်ထွက်သက်က မင်းသစ်ရဲ့ နားဖျားလေးတေကို လာရိုက်ခတ်တော့ ရင်ထဲတမျိုးကြီးပင်...။

ခဏနေတော့ ခပ်တိုးတိုးလေသံဖြင့်..

JorDan - မင်းကိုယ်ငွေ့လှူံမှရမယ်... ဒါမှအဆင်ပြေမှာ..
< သာသာလဲ လှူံခြင်တယ်လေ aww..😀 >

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now