အပိုင်း (၃၈) သူမရဲ့သရုပ်မှန်

Start from the beginning
                                    

နောက်ဆုံးတွင် ရှုံးနိမ့်သွားသည့်အခန်းက ထပ်ရောက်လာတော့သည်။ ရှန်ယွဲ့သည် ပန်းတိုင်သို့ ရောက်လာပြီး အနားယူနေစဥ် တုန်းယန်က နောက်ကျမှ ပန်းဝင်လာတော့သည်။

ဒီတစ်ခါလည်း သူထပ်ရှုံးပြန်ပြီ။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ တုန်းယန်သည် ဆွံ့အနေတော့သည်။

တုန်းယန်က သူအသက်ရှင်လာသည့် ဘဝကို မသင်္ကာသဖွယ် ငေးငိုင်ကာ ထိုင်နေသည်ကို မြင်လိုက်ရပြီး ရှန်ယွဲ့သည် မျက်ခုံးများကိုပင့်ကာ ဟန်ရဲ့ ဆီက ပိုက်ဆံတောင်းလိုက်တော့သည်။

" သူ အခု စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားပြီ၊ နင် ငါ့ကို ပိုက်ဆံပေးလိုက်လို့ မရဘူးလား၊ နင် ငါ့ကိုပေးလိုက်ရင် သူ ယွမ်၂သန်းကိစ္စကြားတဲ့အခါ နင့်ကို ဒေါသထွက်ပြီး ပြဿနာရှာတော့မှာ မဟုတ်ဘူး"

ပြိုင်ပွဲတစ်ခုလုံးကို မြင်ခဲ့ရသည့် ဟန်ရဲ့သည် ရှန်ယွဲ့၏စကားက အဓိပ္ပါယ်ရှိသည်ဟု ရူးရူးမိုက်မိုက် ခံစားလိုက်ရတော့သည်။ သူ့ကတ်ထဲက ငွေနှစ်သန်းကို ရှန်ယွဲ့ဆီ မြန်မြန်လွဲပေးလိုက်တော့သည်။ ရှန်ယွဲ့က တက်စီတစ်စီးပေါ်တက်သွားပြီး နောက်ပြန်လှည့်မကြည့်တော့မှ သတိပြန်ဝင်လာတော့သည်။

သူ စိတ်ကျေနပ်အောင်လုပ်ပေးချင်တဲ့သူက တုန်းယန်လေကွာ။ ဘယ့်နှယ် ဒီဝတုတ်မ စကားကို ဘာလို့ နားထောင်လိုက်တာလဲ။

ခဏကြာတော့ တုန်းယန်သည် ရှုံးနိမ့်မှုကြောင့် ရှောခ့်ဖြစ်သွားရာက ပြန်သတိဝင်လာတော့သည်။ သူနှင့် ပြိုင်ခဲ့သူ အားလုံးသည် သူ့ကိုတမင် အရှုံးပေးခဲ့ကြမှန်း သိထားသော်လည်း ဤသို့သော အလွန်ကွာခြားလွန်းသည့် အင်အားတစ်ခုကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးချေ။

ထို့အပြင် တဖက်လူသည် သားမန်ပြိုင်ကားတစ်စီးနှင့် ယွမ်၁၀သန်းကျော်သုံးခဲ့ရသည့် သူ၏ နောက်ဆုံးပေါ် ပြိုင်ကားကို အနိုင်ယူသွားလေသည်။

တုန်းယန်သည် သူ့ဦးထုတ်ကို ချွတ်လိုက်သည်နှင့် ချက်ချင်း ရှန်ယွဲ့ကို လိုက်ရှာတော့သည်။ သူသည် ရှောခ့်ရကာ ဒေါသထွက်သော်လည်း ထိုကိစ္စထပ် သူမက ကားကို အရှိန်နှင့် driftဆွဲသွားပုံနှင့် လေထဲတွင် လှည့်သွားပုံကို မေးချင်နေတော့သည်။ သူသည် ငွေအများအပြား သုံးလေ့ရှိသော်လည်း သူ့အား ဤစကေးများကို သင်ပေးနိုင်သည့်ဆရာတစ်ယောက်ပင် ရှာမတွေ့ခဲ့ချေ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now