အပိုင်း (၃၇) သေမယ့်လမ်း

Start from the beginning
                                    

" သခင်လေးတုန်း ဘာလို့ မထွက်သေးတာလဲ၊ သူ ပြိုင်ပွဲလုပ်နေတာ မေ့သွားလို့လား"

တုန်းယန်၏ကားမှာ မထွက်သေးဘဲ ရှိနေရာ တစ်စုံတစ်ယောက်က သိလိုစိတ်ဖြင့် မေးလိုက်တော့သည်။

" မသိဘူးလေ၊ ကြည့်ရတာ သူ အဲဒီဝတုတ်မကို စက္ကန့်၂၀ အကျောပေးချင်နေတာ ထင်တယ် ဟုတ်တယ်မလား" နောက်တစ်ယောက် ထပ်ပြောလိုက်၏။

ရှန်ယွဲ့ကို စက္ကန့် ၂၀ အကျောပေးမည်ဟု ကြွားလုံးထုတ်ခဲ့သည်ကို ပြန်စဥ်းစားမိလိုက်ရာ တုန်းယန်မှာ သူ့မျက်နှာ မပျက်ရေးအတွက် နောက် ၁၀စက္ကန့် ထပ်စောင့်လိုက်ရတော့သည်။ ရှန်ယွဲ့၏ကားသည် တောင်ပေါ် လမ်းတစ်ဝက်ရောက်နေသည်ကို မြင်လိုက်ချိန်တွင်တော့ တုန်းယန်မှာ ငြိမ်ငြိမ်လေး ဆက်မထိုင်နိုင်တော့ချေ။ သူသည် ဂီယာကို မြန်မြန် မြင့်ကာ တဟုန်ထိုး ပြေးထွက်သွားတော့သည်။

တုန်းယန် ထွက်သွားပြီးနောက် လူအုပ်ကြီး၏ ဆွေးနွေးသံက ချက်ချင်း အသက်ဝင်လာသည်။ လူအုပ်ကြီးသည် ရှိုးတစ်ခုကို ကြည့်နေရသည့်နှယ် တောင်ပတ်လမ်းပေါ်က ကားနှစ်စီးကို ငေးကြည့်နေကြလေသည်။

" ကြည့်စမ်း သခင်လေးတုန်းရဲ့ကားက ကားနီလေးနောက်ကို လိုက်နေပေမယ့် မမီဘူးဖြစ်နေတယ်"

" အဲဒီဝတုတ်က ပန်းတိုင်ကို ရောက်တော့မယ်၊ သူ နိုင်တော့မှာမလား"

" မင်းတို့ထဲက သူ့ကို သိတဲ့သူရှိလား၊ ဘယ်မိသားစုကတဲ့လဲ"

သည်တစ်ချီသည် မြန်မြန်ပင် ပြီးသွားလေသည်။ ရှန်ယွဲ့သည် တောင်ထိပ်မှ တောင်ခြေအထိ တစ်လမ်းလုံး အားမစိုက်လိုက်ရဘဲ မောင်းလာခဲ့ရသည်။ တုန်းယန်သည် မျက်နှာမဲကြီးနှင့် ပန်းဝင်လာချိန်၌ ရှန်ယွဲ့မှာ ရေသောက်ပြီးနေပြီ။

သူ ဒီလိုနဲ့ ရှုံံးသွားတာတဲ့လား။ မဖြစ်နိုင်တာပဲ။

"ဒီတစ်ချီ ထည့်မတွက်ဘူး၊ မင်းက ငါ ဘာမှမလုပ်ရသေးချင် မောင်းထွက်သွားတာပဲ၊ မင်း စည်းကမ်းကို မလိုက်နာဘူး၊ နောက်တစ်ချီ ထပ်ပြိုင်ဖို့ တောင်းဆိုတယ်"

တုန်းယန်သည် ကားပေါ်က ဆင်းလာသည့်နှင့်တပြိုက်နင် အော်ပြောလိုက်လေသည်။ သူသည် နောက်စက္ကန့် ၂၀ မစောင့်ခဲ့လျှင် ရှန်ယွဲ့ကို မနိုင်စရာအကြောင်းမရှိပေ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now