part-14

145 16 17
                                    

Unicode
-------------

တစ်ညလုံးအဖျားတတ်ကာ မိုးလင်းခါနီးမှအိပ်ပျော်သွားတာကြောင့် ရစ်ခီရှန် ညနေစောင်းမှ အိပ်နေရာမှ နိုးလာခဲ့သည်
တစ်ကိုယ်လုံးကိုက်ခဲကာနုံးနေပေမယ့် အားယူပြီးအိပ်ယာထကာ ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲမှပြန်ထွက်လာကာ အဝတ်လဲလိုက်သည်

အကျီကြယ်သီးပင်တပ်မပြီးသေးခင် ဖုန်းသံကြားလိုက်တာကြောင့် ဖုန်းကိုသွားယူကာ screen ကိုကြည့်လိုက်တော့ ဟန်ဘင်း ခေါ်နေတာပင်

"အင်း ဟန်ဘင်း"

"ရစ်ခီရှန်..."

ဟန်ဘင်းရဲ့အသံဟာ ပုံမှန်မဟုတ်ပေ
ဘယ်အရာကိုစိုးရိမ်နေလဲရစ်ခီမသိပေမယ့် လောနေတဲ့လေသံရော အနည်းငယ်တုန်လှုပ်နေတာရောကိုသတိထားမိခဲ့သည်

"ဘာဖြစ်လို့လဲ ဟန်ဘင်း"

"ဟန်ယူဂျင်း...ယူဂျင်းပျောက်နေလို့"

"ဘယ်လို...!!!"

"ယူဂျင်းမနက်ထဲကထွက်သွားတာ  မှောင်တောင်မှောင်တော့မယ် ပြန်မရောက်သေးတာနဲ့ အန်တီကငါတို့ကိုလှမ်းပြောတာ "

"ဖုန်း...ဖုန်းရော"

"ဆက်မရဘူး"

"မင်းဘယ်မှာလဲ ငါလာမယ်"

"ဟာအို့ဆိုင်ကိုလာခဲ့ ငါအဲ့မှာရှိမယ်"

ဘာမှပြန်မပြောပဲဖုန်းချလိုက်ကာ အမြန်ထွက်လာလိုက်သည်

ဟုတ်ပါတယ် ရစ်ခီရှန် ရှန့်ဟိုင်းကိုမပြန်ဖြစ်ခဲ့ပါဘူး ယူဂျင်းကိုရော သူ့မာမီကိုပါ ပြန်ပြီလို့တမင်သတင်းလွှင့်ထားခဲ့တာပါ
ဘယ်လောက်ပဲ သူ့ကိုမတွေ့ချင်နေပါစေ  ယူဂျင်းသူ့ကိုမမြင်ရရင်အဆင်ပြေပြီထင်လို့ ကွယ်ရာကနေလိုက်စောင့်ကြည့်နေပေးခဲ့တာပါ

နေတိုင်းယူဂျင်းနားမှာအမြဲရှိနေပေမယ့်
ဒီနေ့မှ အိပ်ယာမနိုးခဲ့တဲ့သူ့ကိုယ်သူ အပြစ်တင်နေမိခဲ့သည်
မျက်ရည်များထိန်းမနိုင်အောင် ကျနေမိသည်
သူသာ စောစောနိုးခဲ့ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးမလား

"ဟန်ဘင်း...."
"အရိပ်အ‌ယောင်လေးများမတွေ့ဘူးလား"

"ငါလဲလိုက်ရှာနေတာနှံ့နေပြီ ရစ်ခီ"

အချစ်ဦးမို့ရူးမိသည်(အချစ်ဦးမို့ရူးမိသည်) ( Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ