part-16

167 15 4
                                    

Unicode
-------------

"မေမေနှောင်း"

"သားရှန် သားငယ်လေးကိုတွေ့ရဲ့လားဟင်..."

"စိတ်မပူပါနဲ့မေမေနှောင်း သား ကလေးကိုတွေ့ပါပြီ ဒီညသားအိမ်မှာပဲခေါ်ထားမှာမို့ မေမေနှောင်းမစိုးရိမ်နဲ့နော် ... ဟန်ဘင်းဟျောင်းတို့လဲအတူရှိမှာ"

"ပြန်တွေ့ပြီဆိုစိတ်အေးပါပြီးသားရယ် ယူဂျင်းလေးကိုဂရုစိုက်ပေးပါအုံးနော်"

"ဟုတ်ကဲ့ မေမေနှောင်း ဒါဆို သားဖုန်းချလိုက်ပြီနော်"

"အေးအေးသားရှန်"

ရစ်ခီရှန်ဖုန်းကိုချထားလိုက်ကာ ဘေးက ခုံမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ယူဂျင်းကိုလှည့်ကြည့်မိသည်

ရစ်ခီဟာ ယူဂျင်းရဲ့နှုတ်ခမ်းက ဒဏ်ရာလေးကိုဖွဖွလေးကိုင်ကြည့်ခဲ့သည်
နူးညံ့ပြီးအပစ်ကင်းလွန်းတဲ့ သူ့ကလေးရဲ့နှုတ်ခမ်းလေးမှာရှိနေတဲ့  ထိုဒဏ်ရာလေးကို သူလုံးဝမကြည့်ရက်ခဲ့ပါ
ချက်ချင်းသာပျောက်သွားမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် လုပ်ပေးချင်ခဲ့သည်

ခြံဝန်းထဲသို့ ကားလေးစီးဝင်လာတာကြောင့် အိမ်အကူလေးတွေအနည်းငယ်ပြာယာခတ်သွားသည်
အိမ်ကိုသူငယ်ချင်းပါလာမယ်ဆိုရင် ရစ်ခီရှန်ဟာအမြဲကြိုပြောတတ်ပေမယ့် အခုတော့ ရုတ်တရက်ရောက်လာတာကြောင့် ဘာမှပြင်ဆင်မထားမိခြင်းကြောင့်ပင်

ရစ်ခီရှန်ဟာ ယူဂျင်းကိုချီပြီး အိမ်ထဲသို့ဝင်ရန်ခြေလှမ်းလိုက်သည်
အိမ်အကူလေးတွေကိုလဲ အကုန်လုံးအနားယူဖို့ပြောကာ ထိုအိမ်ထဲတွင် ရစ်ခီတို့၆ယောက်သာကျန်ရှိခဲ့သည်

ယူဂျင်းလေးအတွက် အရင်ထဲအသင့်ပြင်ထားခဲ့တဲ့အခန်းထဲကို ရစ်ခီကိုယ်တိုင်ချီခေါ်သွားကာ အိပ်ယာပေါ်တွင်လှဲစေခဲ့သည်
ယူဂျင်းကတော့အိပ်ပျော်နေဆဲပင်  အအိပ်စက်တဲ့ကလေးက အခုတော့ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေခဲ့သည်
အများကြီးပင်ပန်းသွားခဲ့လို့လား  သူ့ယုံကြည်ရတဲ့သူဆီမှာမို့ စိတ်ချလက်ချအိပ်ပျော်နေခဲ့ခြင်းလားတော့မသိပါ

"ရစ်ခီ"

အခန်းထဲကထွက်လာလာခြင်း ဟန်းဘင်းဆီကခေါ်သံကြောင့် ရစ်ခီကြည့်လိုက်သည်

အချစ်ဦးမို့ရူးမိသည်(အချစ်ဦးမို့ရူးမိသည်) ( Complete )Where stories live. Discover now