part-15

152 18 6
                                    

Unicode
--------------

နေရာအနှံ့ကားနဲ့ပတ်ရှာနေခဲ့ပေမယ့် အခုထိသတင်းအစအနရော အရိပ်အယောင်ပါမမြင်ရသေးတာမို့ ရစ်ခီရှန် တစ်ကိုယ်လုံးထူပူနေပြီ

လမ်းခုလပ်တစ်နေရာမှာ အရှိန်ပြင်းပြင်းမောင်းလာတဲ့ကားလေးကို ထိုးရပ်ပြီး ခေါင်းငိုက်စိုက်ချကာ ရှိုက်ကြီးတငင်ငိုနေမိသည်

မိမိကိုယ်ကိုယ်ပင်အပြစ်တင်လို့မဆုံးကာ သူကြောင့်ဖြစ်ရတာလို့သတ်မှတ်ထားတာမို့ ရစ်ခီရှန် သူ့ကိုယ်သူလုံးဝခွှင့်မလွှတ်ပါ

ရုတ်တရက်တုန်ခါလာတဲ့ဖုန်းလေးကြောင့် ရစ်ခီခီရှန်ဟာ ကျလက်စ မျက်ရည်များကိုသုတ်ကာ အစိမ်းရောင်ခလုတ်လေးကိုနှိပ်လိုက်သည်

"ဟယ်လို ဂွန်းနု"

"အေး ရစ်ခီ ယူဂျင်းရဲ့ကားကိုခြေရာခံမိထားတယ်"

"ဟင်....ဘယ်..ဘယ်မှာလဲ...."

ဂွန်းနုဆီက အဖြေကိုသိသိချင်းဖုန်းကိုချကာ ကားကိုအရှိန်ဖြင့်မောင်းထွက်လာခဲ့သည်

*ကလေး ကိုကိုလာပြီ..*

စိတ်ထဲကနေအလေးအနက်ဖြင့်ပြောနေခဲ့သည် ရစ်ခီရှန်တကယ်ကို ရူးမတတ်စိုးရိမ်နေခဲ့တာမလား

တစ်ဖက်ကဂွန်းနုဟာလဲ ရစ်ခီရှန့်ရဲ့အသံတွေတုန်နေတာကိုပါသတိထားမိခဲ့သည်
ကားမောင်းတာတော်တဲ့ကောင်လေးတစ်ယောက်ဖြစ်သော်လည်း ဇောကြောင့် အမှားအယွင်းဖြစ်သွားမည်စိုး၍ အရှိန်တင်ကာအမှီလိုက်ခဲ့သည်

ဘေးမှာအတူပါလာတဲ့ထယ်ရယ်ဟာလဲ အခြေအနေကိုရိပ်မိတာမို့ ဘာမှမပြောပဲ ငြိမ်ငြိမ်လေးသာလိုက်ပါလာခဲ့သည်

အမြန်နှုန်းဖြင့်မောင်းလာရင်း ရစ်ခီရှန် ယူဂျင်းရိရာနေရာသို့ရောက်လာခဲ့ပြီ
လူ‌ကိုတော့မတွေ့ရသေးပေမယ့် ကားလေးကသက်သေပင်
ဝယ်ထားတာမကြာသေးပေမယ့် နေတိုင်းမြင်နေခဲ့ရတဲ့ကားလေး အရိပ်တကြည့်ကြည့် ကြည့်နေခဲ့ရတဲ့ကားလေးကိုရစ်ခီရှန်မှတ်မိပါသည်

ကားတစ်စီးစာသာရှိသောလမ်းလေးဟာ အရမ်းဂျောင်ကျလွန်းသည်
သို့သော် ကားရပ်ထားတဲ့တိုက်ခန်းလေးကတော့ ငါးထပ်လောက်ရှိသည်

အချစ်ဦးမို့ရူးမိသည်(အချစ်ဦးမို့ရူးမိသည်) ( Complete )Where stories live. Discover now