part-7

180 17 9
                                    

Unicode
---------

" မာမီ သားတစ်ပတ်လောက် ဟန်ဘင်းဟျောင်းတို့နဲ့အတူအိပ်ရမယ်နော် 20 ရက်နေ့ကျရင် ပြိင်ပွဲရှိတာမို့ ညဉ့်နက်ထိ လေ့ကျင့်ရမှာ အဲ့ကြောင့် အကုန်အတူနေဖို့ ဟန်ဘင်းဟျောင်းကအကြံပေးထားလို့"

"အင်းပါသားငယ်ရယ် မုန့်ဖိုးလိုရင်‌မာမီ့ကိုလှမ်းပြောနော်သားငယ်လေး"

"ဟုတ်မာမီ အဲ့တာဆိုသားသွားတော့မယ်နော်"

"ခဏခဏ သားငယ် အကုန်အတူမလား"

"အကုန်အတူပါမာမီရဲ့စိတ်ချပါနော်"

"စိတ်ချပါတယ်သားငယ်ရာ် မာမီ ပေးလိုက်စရာရှိလို့"

ယူဂျင်းမေမေ ပစ္စည်းသွားယူနေတာကို ယူဂျင်း‌ထိုင်စောင့်နေလိုက်သည်

"ရော့ သားငယ် မာမီလုပ်ထားတာ ကြက်စပ်ကြော် အချိုကြော်  ၊ ခေါက်ဆွဲ‌ ပြီးတော့ ဒါလေးကရှန်ရှန့်ကိုပေးလိုက်နော်"

ယူဂျင်းကြည့်လိုက်တော့ စတော်ဘယ်ရီသီးတွေ သေချာရေဆေးပြီး သေချာသန့်စင်ထားတဲ့ပုံပဲ

ဘာမှမစဉ်းစားပဲ ပစ္စည်းများကိုယူကာ ဟန်ယူဂျင်းထွက်လာခဲ့သည်

--------

Training ခန်းမှာလူစုံတာနဲ့ ယူဂျင်းဟာ သူ့မာမီပေးလိုက်တဲ့ မုန့်များကိုယူလာကာ

"ဟျောင်းတို့ မာမီက မနက်စာပေးလိုက်တယ် အတူစားကြရအောင်"

"ဗိုက်ဆာနေတာနဲ့အတော်ပဲ ဘာတွေလုပ်ပေးလိုက်တာလဲ ယူဂျင်း"

ယူဂျင်း ဟန်ဘင်းကိုပြုံးပြကာ ဗူးများကိုဖွင့်လိုက်သည်

*ဟင် ပဲခေါက်ဆွဲတစ်ပွဲပါတာလား*

ဟန်ယူဂျင်း ခေါင်းထဲအတွေးများသွားသည်
ရစ်ခီရှန် အစပ်မကြိုက်တာ မာမီဘယ်လိုသိတာလဲ သူတအားသိချင်နေမိသည်

နေ့တိုင်းရစ်ခီနဲ့ပတ်သတ်ပြီးထူးဆန်းတာတွေပဲခံစားနေရတာမို့ ယူဂျင်းဆက်အာရုံစိုက်နေမိသည်

သူနဲ့ရစ်ခီကဘယ်လိုပတ်သတ်နေခဲ့တာလဲ
မာမီကရော သူ့နာမည်ပြောတာနဲ့ သားရှန်လားဆိုပြီးဘာလို့တန်းသိနေခဲ့ရတာလဲ သူသိချင်နေသည်

အချစ်ဦးမို့ရူးမိသည်(အချစ်ဦးမို့ရူးမိသည်) ( Complete )Where stories live. Discover now