part-6

162 11 2
                                    

Unicode
-------------

ဟန်ဘင်းနဲ့ ဆရာရဲ့ဆုံးဖြတ်ချက်အရ Over me ရဲ့ killing part ကိုရစ်ခီ တာဝန်ယူရသည်
သီချင်းနဲ့လိုက်ဖက်ညီတဲ့ အရာအာလုံးက ရစ်ခီမှာရှိတာကြောင့် တစ်ဖွဲ့လုံးရဲ့သဘောတူညီမှုကိုမေးခဲ့ပါသေးသည်

ဘယ်လိုပင်ကင်ဂယူဘင်း ရစ်ခီ့ကိုကြည့်မရသော်လဲ ထိုအချက်ကိုတော့မငြင်းဆန်နိုင်ခဲ့ပါ
လက်ခံသဘောတူခဲ့ရသည်

နေရာအစီတကျချပြီးတဲ့နောက် နေ့ရက်များစွာ လေ့ကျင့်ခဲ့ကြသည်

အခြေအနေအကြောင်းကြောင့် အချိန်ကြာလေ့ကျင့်ရပြီးတဲ့နောက်မှာ part ပြန်ခွဲဖို့ဖြစ်လာခဲ့ရသည်

Killing part နဲ့အတူတွဲကရတဲ့ main part နေရာယူထားရတဲ့ ပတ်ဂွန်းနုကခြေထောက်ဒဏ်ရာရခဲ့တာမို့ ဖျော်ဖြေမှုမလုပ်နိုင်တော့ပေ

ဂွန်းနုရဲ့ part ကို ယူဂျင်းကိုတာဝန်ခွဲပေးခဲ့သည်မှာတော့ ဟန်ဘင်းရဲ့ အကြံပင်
ရစ်ခီ့ကိုယူဂျင်းနဲ့ အရင်လိုပြန်နီးစပ်နိုင်ဖို့ သူကူညီနိုင်တာ ဒါ့အပြင်မရှိတော့တာသူသိသည်

ယူဂျင်းဟာ နဂိုထဲက အကတော်သူမို့ ဆရာကလဲ ငြင်းဆန်မနေပါ 
ချက်ချင်းပေးလိုက်ရင်လဲသိသာလွန်းစေမှာကို ဟန်ဘင်းစိုးရိမ်တာကြောင့် ထယ်ရယ်နဲ့ယူဂျင်းကို ကပြကြည့်စေခဲ့သည်

ဘယ်လိုမှငြင်းဆန်လို့မရနိုင်အောင်ပင် တစ်ပုဒ်လုံးမှာ ရစ်ခီနဲ့ယူဂျင်းရဲ့ dance part က လိုက်ဖက်လွန်းလှကာ ထင်းနေလေသည်
လက်ကိုဆန့်ပြီးချိတ်ဆက်လိုက်တဲ့လက်ဖဝါးနှစ်ခုအပြင် အချင်းချင်း ကြည့်လိုက်ကြတဲ့နေရာမှာ မြတ်နိုးမှုတွေအပြည့်ရှိနေရခြင်းဟာ ဒီအပိုင်းကို သူတို့နှစ်ယောက် တွဲကိုကရမည့်အကြောင်းပြချက်တစ်ခုဖြစ်နေခဲ့သည်

ပုံမှန်ဆို ဘယ်လိုမှ ထိစက်၍မရခဲ့သော ယူဂျင်းရဲ့လက်ဖဝါးနုနုကို အခုတော့ ရစ်ခီဖမ်းဆုပ်ခွင့်ရခဲ့လေသည်
အကြည့်ချင်းဆုံဖို့ခဲယဉ်းလှသောမျက်ဝန်းတစ်စုံကို 4 စက္ကန့်စာမျှအချိန်လေးမှာ ဆုံစည်းခွင့်ရခဲ့လေပြီ

ထိုအခိုက်အတန့်လေးဟာ ရစ်ခီအတွက် တန်ဖိုးရှိလှတဲ့အချိန်လေးဖြစ်ခဲ့တာယူဂျင်းတစ်ယောက်သိသလို
ယူဂျင်းလဲ အတိုင်းမသိ ဝမ်းသာနေခဲ့ရသည်ကို ရစ်ခီ သိနိုင်ပါ့မလား

အချစ်ဦးမို့ရူးမိသည်(အချစ်ဦးမို့ရူးမိသည်) ( Complete )Kde žijí příběhy. Začni objevovat