Part-5

204 16 4
                                    

Unicode
-------------

ညနေကအကြောင်းကိုပင် ဟန်ယူဂျင်းထပ်ခါထပ်ခါစဉ်းစားနေမိသည်

ကလေးဟူသောခေါ်သံကို သူ့အတွက်လူတစ်ယောက်ထပ်ခါထပ်ခါခေါ်ဖူးနေသည်ကိုသူသိသည်
ဘယ်သူလဲဆိုတာကိုတော့စဉ်းစား၍မရ

တစ်ချိန်ထဲမှာပင် သူသောက်နေကျဆေးက ရစ်ခီရှန့်ဆီမှာဘယ်လိုရှိနေမှန်းသူသိချင်နေသည်
မေးလိုက်ရင်သိရမယ့်အခြေအနေဖို့ ယူဂျင်းမဆိုင်းမတွပဲ ဖုန်းကောက်ကိုင်လိုက်လေသည်

-----

ယူဂျင်းရဲ့အခြေအနေကို မျက်မြင်တွေ့လိုက်ရပြီးတဲ့နောက်
ရစ်ခီထူပူနေရသည်
အခုရောအဆင်ပြေရဲ့လားတွေးပူနေစဉ်ဖုန်းဝင်လာတာကြောင့် contact ကိုကြည့်လိုက်လေသည်

<ကိုကို့ကလေးလေး🤍>

တစ်ခါမှကိုယ့်ဆီဝင်မလာဖူးသော contact လေးကြောင့်
ရစ်ခီအတိုင်းမသိပင်ပျော်သွားမိသည်
ချက်ချင်းပင်ဖုန်းကိုင်လိုက်ကာ

"ဟယ်လို က..ယူဂျင်း.."

ကလေးဟုမခေါ်မိခင်မှာပင် ချက်ချင်းပြန်ပြင်လိုက်ရသည် အဲ့နာမ်စားလေးကြောင့် ယူဂျင်းနေမကောင်းဖြစ်သွားတာကို အထပ်ထပ်အခါခါစဉ်းစားကြည့်ရင်းအဖြေရခဲ့တာကြောင့် ထပ်မခေါ်မိစေဖို့ဆုံးဖြတ်ထားမိသည်

"ရစ်ခီရှန် ငါမေးစရာရှိလို့"

"အင်းမေးလေ ယူဂျင်း"

"ငါ့ဆေးကဘာလို့မင်းဆီရောက်နေတာလဲ..မင်းမှာဘာလို့ရှိနေရတာလဲ?"

"ဟင်...."

ရစ်ခီ ခဏငြိမ်သက်မိသွားသည်
အမှန်တော့ မေမေနှောင်းက ‌ပေးထားတာဖြစ်သည်
ယူဂျင်းလေးခေါင်းတွေကိုက်လာရင် ရစ်ခီ့ကိုတိုက်စေချင်တာကြောင့် ယူဂျင်းမေမေကိုယ်တိုင်လာပေးထားခြင်းပင်

အဲ့လိုဖြေလိုက်ရင် မေမေနှောင်းနဲ့ဘယ်လိုသိတာလဲ ဘာညာ မေးခွန်းတွေတစ်ထပ်ကြီးဖြေရင်း အရင်အကြောင်းတွေပြောပြမိတဲ့အခါ ယူဂျင်းအတွေးတွေပြန်ဆွဲယူနေမှာကြောက်တာကြောင့် ရစ်ခီလိမ်လိုက်ရတော့သည်

"ငါမေးနေတာဖြေအုံးလေ"

"အော် အဲတာက ဟိုနေ့က အကလေ့ကျင့်ပြီးပြန်ကြတော့ ယူဂျင်းကျနေခဲ့တာပါ အဲ့တာနဲ့ ကိုယ်ယူထားလိုက်တာ ပြန်ပေးဖို့ကမေ့နေလို့"

အချစ်ဦးမို့ရူးမိသည်(အချစ်ဦးမို့ရူးမိသည်) ( Complete )Where stories live. Discover now