part -4

210 18 0
                                    

Unicode
-------------

"ရစ်ခီ.. Overme အဆင်ပြေပြီလား?....ဆရာက မင်းရထားပြီးသားပြောလို့... ငါတို့တိုက်ကြည့်ကြမလား?"

"အေး....လေ့ကျင့်ထားတယ် နဲနဲပါးပါးတော့ရထားပါပြီ"

"ကဲ သားကြီးတို့ အချိန်ပြန်စကြမယ်"

ဟန်ဘင်းဟာ အဖွဲ့ရဲ့ leader ဖြစ်တာကြောင့် အကုန်လုံးကို လေ့ကျင့်ဖို့အချိန်စရတော့သည်

"Ok ..5.6.7.8"

{ ဖြတ်ချလို့မရနိုင်သလိုဖြစ်နေတဲ့ခံစားချက်(ခံစားချက်)----------------------tonight we finally --OverMe×3 }

သီချင်းနဲ့လိုက်ဖက်လွန်းလှတဲ့ရစ်ခီရှန်ရဲ့အကကိုမျက်လုံးပြူးသွားကာ ဟန်ဘင်း၊ဂွန်းနုနဲ့ထယ်ရယ်တို့ လက်ခုပ်ဝိုင်းတီးကြသည်

"ရစ်ခီ...ဝါးးး တော်လိုက်တာကွာဟျောင့်...မင်းသီချင်းအတိုင်းပဲ"

"မဟုတ်တာကွာမြှောက်လွန်းနေပါပြီ"

"တကယ်လိုက်ဖက်တာပဲရစ်ခီရှန်..X-manလား"

ဂယူဘင်းရဲ့မေးခွန်းကြောင့် တစ်ဖွဲ့လုံးရစ်ခီ့ဆီ ခေါင်းစောင်းသွားခဲ့ကြသည်

"မဟုတ်ပါဘူး အခုမှ training စဝင်ဖူးတာပါ..ဝါသနာလဲပါလို့ အဆင်ပြေသွားတာနေမယ်"

"ဝိုးးးးးးး မင်းက တကယ်တော်တာပဲ ရစ်ခီ"

ဟန်ဘင်းတို့အဖွဲ့နဲ့ ရီလိုက်မောလိုက် စကားပြောကောင်းနေတဲ့ ရစ်ခီ့ကို ယူဂျင်းစိတ်ထဲတစ်မျိုးဖြစ်နေသည်

အခုမှတွေ့ဖူးတဲ့သူတစ်ယောက်ကို အရမ်းကိုရင်းနီးတဲ့ခံစားချက်ဝင်နေမိလို့ ရစ်ခီကို ယူဂျင်းလုံးဝကြည့်မရပါ

--------------

*We keep this love in a photograph.......*

"ဟယ်လို"

"အေးရစ်ခီ ငါ့ဘေဘီဆိုင်သွားထိုင်ရအောင်"

"အခုလား"

"အေး ဟိုကောင်တွေပြောပြီးပြီ"

"ယူဂျင်းလေးကော ပါမှာလား"

"ယူဂျင်းက သွားစရာရှိတယ်လို့ပြောတယ် မလိုက်တော့ဘူးတဲ့ ကျန်တဲ့ကောင်တွေအကုန်ပါတယ်"

"အေးပါ ငါ အခုလာခဲ့မယ်"

"အိုကေသားကြီး ‌ဒါပဲနော်"

အချစ်ဦးမို့ရူးမိသည်(အချစ်ဦးမို့ရူးမိသည်) ( Complete )Where stories live. Discover now