part -10

153 15 2
                                    

Unicode
---------

ဟန်ယူဂျင်း ရစ်ခီပြောတာကိုသေချာရှင်းရှင်းလင်းလင်းကြားလိုက်ပါသည်

ဂယူဘင်းနောက်မှာရပ်နေရာမှ ဆွဲထားသောလက်ကိုဖယ်လိုက်ကာ ရစ်ခီရှေ့ကိုသွားရပ်လိုက်သည်

"ဘာကိုပြောတာလဲ ရစ်ခီရှန်..."

"...."

"ငါငယ်ငယ်ထဲက မင်းစောင့်ရှောက်လာတယ်ဆိုတာဘာကိုပြောတာလဲ"

"ကိုယ်မပြောလို့ရမလားယူဂျင်း..ကိုယ်..."

ယူဂျင်း သူ့အိတ်ထဲမှာထည့်ထားတဲ့ပုံကိုထုတ်လိုက်ကာ ရစ်ခီမျက်လုံးရှေ့တည့်တည့်ကို ပြလိုက်သည်

"ဒီပုံထဲကမင်းလား.."

"ဘေးကဘယ်သူလဲ..အစကငါလို့ထင်ခဲ့ပေမယ့်ငါမဟုတ်ဘူး..ဘေးကဘယ်သူလဲ..မင်းကကောဘာလို့ဒီပုံထဲပါနေတာလဲ..ဒီပုံကဘာလို့ငါ့ဆီမှာရှိနေရတာလဲ"

"ကလေး..."

"ဖြေ"

"ဟုတ်ပါတယ်..တစ်ယောက်ကကိုယ်ပါ"

"နောက်တစ်ယောက်ကရော"

အနည်းငယ်တင်းမာပြီးတိုးလှတဲ့လေသံ ထိုလေသံဟာ ယူဂျင်းရဲ့စိတ်အခြေအနေကို ရှင်းလင်းစွာဖော်ပြနေတာမဟုတ်လား
ရစ်ခီဘယ်လိုပြောပြရမှန်းတကယ်မသိတော့ပါ
မဖြေရင်တောင် ပြီးဆုံးသွားမှာမဟုတ်တဲ့အခြေအနေကြားမှာ ရစ်ခီခက်ခဲစွာရပ်နေရသည်

ဟန်ဘင်းတို့လဲ ရစ်ခီရဲ့အခြေအနေကိုကော ယူဂျင်းကိုပါ နားလည်တာကြောင့် ဘေးမှရပ်ကြည့်နေရုံအပြင် ဘာမှမတတ်နိုင်ခဲ့ပါ

"ရစ်ခီရှန်...."

"အင်း  ကလေး..ကိုယ်ဖြေပါ့မယ်"

"..."

ယူဂျင်းကိုအဖြေမပေးခင် ရစ်ခီဟန်ဘင်းကိုခေါ်ကာ ကားထဲကဆေးနဲ့ ရေဘူးကိုသွားယူပေးရန် တိတ်တဆိတ်ပြောလိုက်သည်

အခြေအနေကိုနားလည်တဲ့ဟန်ဘင်းဟာ ချက်ချင်းပင် မြန်မြန်သွားယူလိုက်လေသည်

"အဲ့တစ်ယောက်က ကိုယ့်သူငယ်ချင်း ပြီးတော့ ကလေးရဲ့..."

"ဆက်ပြော"

"ကလေးရဲ့အကို ဟန်ယူမင်ပါ"

"ဘာာာာ"

"ကလေး အဆင်ပြေရဲ့လား"

အချစ်ဦးမို့ရူးမိသည်(အချစ်ဦးမို့ရူးမိသည်) ( Complete )Where stories live. Discover now