Part-1

445 30 0
                                    

Unicode
--------

"သားငယ်... သားငယ် မာမီပြောတာကြားရလားဟင်.. သားငယ်လေး..."

ယူဂျင်း အသံတစ်ချို့ကိုမသဲမကွဲကြားနေရသည်
ခေါင်းတစ်ခုလုံးအုံခဲနေကာ ကြိုးစားပြီးမျက်လုံးများကိုဖွင့်ကြည့်လိုက်လေပြီ
ဝိုးတဝါးပုံရိပ်တွေကိုဖြတ်သန်းပြီးတဲ့နောက် သူ့မာမီကိုမြင်လိုက်ရတာကြောင့် ပြုံးပြလိုက်မိသည်

"သားငယ်... သတိရလာပြီလား..."

"မာမီ သားဘယ်ရောက်နေတာလဲဟင်"

"မေ့သားလေး နေမကောင်းလို့ မာမီတို့ ဆေးရုံပို့ပေးထားတာလေသားငယ်လေးရဲ့"

"သားကလား သားနေမကောင်းတာလား"

"ဟင်.! သားငယ် သားငယ်ဘာမှမမှတ်မိဘူးလား"

"ဘာကိုလဲမာမီ.. ဘာကိုမှတ်မိရမာလဲဟင်"

ယူဂျင်းနီရဲ့မာမီ လန့်သွားရသည်
လွန်ခဲ့သောသုံးရက်ကပင် ယူဂျင်းနဲ့ ယူမင်တို့စက်ဘီးပတ်စီးကြရင်း
ယူမင် တစ်ယောက်  accident ဖြင့် ယူဂျင်းရဲ့မျက်စိရှေ့မှောက်မှာပင်ဆုံးသွားလေသည်
အကိုဖြစ်သူရဲ့သွေးသံတစ်ရဲရဲကိုကြည့်ကာ ယူဂျင်းမေ့လဲသွားလို့ ဆေးရုံပေါ်ရောက်လာခဲ့ခြင်းပင်

သားကြီးရဲ့စျာပနကို ရင်နာစွာလုပ်လိုက်ရတဲ့အပြင် ခုထိသတိပြန်မလည်လာသေးသော သားငယ်ကို ထပ်မံစိုးရိမ်နေရပြန်သည်

သတိပြန်လည်လာသော်လည်း ဘာကိုမှမမှတ်မိတော့တဲ့သားငယ်ကိုကြည့်ကာ မျက်ရည်များကထိန်းမရ

ယူဂျင်းရဲ့မာမီက ယူဂျင်းကိုအာဟာရရှိစေမယ့်အစားအသောက်တွေကျွေးခဲ့ပြီး အိပ်ယာပေါ်ပြန်မှေးစက်စေခဲ့တယ်
ယူဂျင်းလေးအိပ်သွားတဲ့အချိန် ဆရာဝန်ဆီအကျိုးအကြောင်းပြောကာမေးကြည့်လိုက်တော့

"ကလေးက တအားလန့်သွားပြီး သူမလိုချင်တဲ့မှတ်ချက်တွေမေ့ပျောက်စေခဲ့တာဖြစ်မယ်... ဖြစ်လေ့ဖြစ်ထရှိတာနည်းပေမယ့် ကလေးကငယ်သေးတာရော အကိုဖြစ်သူရဲ့နောက်ဆုံးအချိန်ကိုရောမြင်လိုက်ရတာကြောင့်တအားလန့်သွားခဲ့တယ်ထင်ပါတယ်"

"အဲ့လို့မေ့တာရဲ့နောက်ဆက်တွဲပြဿနာဘာဖြစ်လာနိုင်သေးလဲဆရာ"

အချစ်ဦးမို့ရူးမိသည်(အချစ်ဦးမို့ရူးမိသည်) ( Complete )Where stories live. Discover now